စက်တင်ဘာ ၁၇ ရက်မှာ မိတ်ဆက်မယ့် Sony Xperia 5 II

Sony ဟာ စက်တင်ဘာ ၁၇ ရက်မှာ ထုတ်ကုန်သစ်ကို မိတ်ဆက်ပါမယ်။ မိတ်ဆက်မယ့် ထုတ်ကုန်သစ်က Sony Xperia 5 II ဖြစ်ပါတယ်။

Sony Xperia 5 II ဓာတ်ပုံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ Sony Xperia 5 II မှာ ကျောဘက် ကင်မရာ ၃ လုံးနဲ့ အတူ ZEISS T* lens တွေအသုံးပြုထားပါတယ်။ ရှေ့မျက်နှာပြင် ထိပ်ဘက်နဲ့ အောက်ဘက် ဘေးဘောင်ဒီဇိုင်းကတော့ Sony ရဲ့အမှတ်လက္ခဏာအတိုင်းပါပဲ။

Sony Xperia 5 II မျက်နှာပြင်အရွယ်က ၆.၁ လက်မ ဖြစ်နိုင်ပါတယ်။ ဖုန်းမှာ 1080p panel အသုံးပြုထားဖွယ် ရှိပါတယ်။ Sony အနေနဲ့ စက်တင်ဘာ ၁၇ ရက်မှာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို နံနက် ၇ နာရီ UTC စံချိန်က စတင်ပြီး YouTube channel ကနေ ထုတ်လွှင့်ပါမယ်။

စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««