စက်တင်ဘာ ၁၆ ရက်မှာပြုလုပ်မယ့် Sony PS5 ပွဲ

Sony ဟာ PlayStation 5 အထူးပွဲကို စက်တင်ဘာ ၁၆ ရက်မှာ ပြုလုပ်သွားပါမယ်။ Sony ဟာ ဒီဂျစ်တယ်ကတစ်ဆင့် မိနစ် ၄၀ ကြာ ထုတ်ကုန်မိတ်ဆက်ပွဲ ပြုလုပ်ပြီး Sony ဂိမ်းစတူဒီယိုနဲ့ third-party ပူးပေါင်းထားသူတွေက ထုတ်ကုန်တွေကို မိတ်ဆက်ပေးသွားပါမယ်။ Sony အနေနဲ့ ဂိမ်းစက်ကို မမိတ်ဆက်ခင်မှာ PS5 မှာထွက်ရှိမယ့် ဂိမ်းတွေကို ထပ်မံ မိတ်ဆက်ပေးသွားပါမယ်။

ပွဲအတွင်း PlayStation 5 ထွက်ရှိမယ့်ရက်နဲ့ ဈေးနှုန်းကိုလည်း မိတ်ဆက်နိုင်ပါတယ်။ မူလက Microsoft ဟာ ဈေးနှုန်း မပေါက်ကြားခင် အခုတစ်ပတ်အတွင်း Xbox Series X နဲ့ Xbox Series S အစီအစဉ်နဲ့ ဈေးနှုန်းကို စီစဉ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက Sony ကလည်း PS5 ကြိုတင်မှာယူမှုအတွက် စာရင်းသွင်းမှုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ တရားဝင်ကြိုတင်မှာယူမယ့် ရက်နဲ့ ဈေးနှုန်း၊ ထွက်ရှိမယ့်ရက်ကိုတော့ တရားဝင် မထုတ်ပြန်သေးပါဘူး။

စိုးထက်

Ref: TheVerge