စက်တင်ဘာလ ၁၀ရက်မှာ ရောင်းချမယ့် Microsoft ရဲ့ Surface Duo

Microsoft ဟာ Surface Duo ကိုမိတ်ဆက်လိုက်ပါတယ်။ Surface Duo ဖုန်းကို ဒေါ်လာ ၁,၃၉၉ နဲ့ စက်တင်ဘာ ၁၀ ရက်မှာ ရောင်းချမယ်လို့ သိရပါတယ်။ Microsoft အမှုဆောင်တွေက Twitter ကနေ Surface Duo ပြသပြီး လအနည်းငယ် အကြာမှာ အမေရိကန်အတွင်း Surface Duo ကိုကြိုတင်မှာယူခွင့်ပေးလိုက်ပါတယ်။

Microsoft က အောက်တိုဘာလအတွင်း Surface Duo ဒီဇိုင်းကို ထုတ်ဖော်ပြသခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ လျှို့ဝှက်ခဲ့တယ်။ အခု မိတ်ဆက်မှုအရ Microsoft Surface Duo မှာ ၅.၆ လက်မ OLED သီးခြား display နှစ်ခု (ရုပ်ထွက်အရည်အသွေး 1800x 1350) နဲ့ 4:3 aspect ratio ပါဝင်လာပါတယ်။ မျက်နှာပြင် ၂ ခုကို ဆက်လိုက်ရင် 3:2 aspect ratio နဲ့ ၈.၁ လက်မ အရွယ် (2700x 1800) ရှိလာပါတယ်။ Samsung Galaxy Fold နဲ့မတူဘဲ Surface Duo မှာ Gorilla Glass အစစ်ကို အသုံးပြုထားပါတယ်။ Surface Duo မျက်နှာပြင်ကို Windows ကွန်ပျူတာ မော်နီတာပုံစံမျိုး သုံးနိုင်တဲ့ပုံစံဖြစ်အောင် ဖန်တီးပေးထားပါတယ်။

Microsoft ဟာ Surface Duo အတွက် 11-megapiixel f/2.0 ကင်မရာအတွက် low light, HDR multiframe ရိုက်ကူးမှုနဲ့ 7x အထိ “super zoom” အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် 4K နဲ့ 1080p ဗီဒီယိုရိုက်ကူးနိုင်အောင် 30fps နဲ့ 60fps တို့ထောက်ပံ့ထားကာ electronic image stabilization ပါဝင်လာပါတယ်။ Surface Duo မှာ ကင်မရာ တစ်လုံးပဲ ပါဝင်ပြီး ဗီဒီယို call နဲ့ အဓိက ကင်မရာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

Surface Duo အခြေခံမော်ဒယ်မှာတော့ Qualcomm Snapdragon 855, RAM 6GB နဲ့ storage 256GB တို့ ပါဝင်လာပါတယ်။ 5G တော့မထောက်ပံ့ထားသလို box ထဲမှာ bumper cover ကိုထည့်သွင်းထားပါတယ်။
Microsoft အနေနဲ့ Surface Duo အတွက် ဘက်ထရီ ၂ လုံး ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ စုစုပေါင်း ဘက်ထရီပမာဏက 3577mA ရှိလာပါတယ်။ Surface Duo ကို တစ်ရက်လုံး အသုံးပြုနိုင်တယ်လို့ Microsoft ကပြောထားပါတယ်။ Surface Duo နဲ့ဗီဒီယိုကြည့်မယ်ဆိုရင် ၁၅.၅ နာရီ၊ standby နဲ့ဆို ၁၀ ရက်နဲ့ ဖုန်းပြောမယ်ဆိုရင် ၂၇ နာရီအထိ အသုံးပြုနိုင်ပါတယ်။

“အခုဖုန်းက ကျွန်တော်တို့ တည်ဆောက်သမျှ ဖုန်းတွေထဲက ဆက်စီအကျဆုံး ဖုန်းပါ” လို့ Windows နဲ့ ထုတ်ကုန်ဆိုင်ရာအကြီးအကဲ ပါနို့ပါနေက မိတ်ဆက်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

စိုးထက်
Ref: TheVerge