
Facebook ရဲ့နာမည်ကျော် အပြာရောင်ဘား ပါဝင်တဲ့ ဝက်ဘ်ဆိုက် ဒီဇိုင်းအဟောင်းကတော့ စက်တင်ဘာလမှာ ပျောက်ကွယ်သွားပါမယ်။ Facebook support ဆိုတဲ့ စာမျက်နှာမှာတော့ မကြာခင် လူတိုင်းအတွက် ဒီဇိုင်းသစ်ကို ဖြန့်ချိမယ်လို့ ဖော်ပြထားပါတယ်။
ဒီဇိုင်းသစ်ရရှိသူတွေ အနေနဲ့ အခုအခါမှာတော့ ဒီဇိုင်းအဟောင်း ယာယီပြောင်းထားနိုင်ပါသေးတယ်။ Facebook ကတော့ စက်တင်ဘာကစပြီး Facebook ဝက်ဘ်ဆိုက်ဒီဇိုင်း အဟောင်း မရှိတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
Facebook ဒီဇိုင်းအသစ်ကို မနှစ်က Facebook ရဲ့ developer ကွန်ဖရင့်မှာ ကြေညာခဲ့ပါတယ်။ ကနဦးမှာတော့ ဒီဇိုင်းသစ်ကို iOS နဲ့ Android အတွက် ဖြန့်ချိလိုက်ပါတယ်။ မတ်လအတွင်းမှာတော့ desktop ဒီဇိုင်းသစ်ကို ရွေးချယ်အသုံးပြုနိုင်တဲ့ ပုံစံနဲ့ ဖြန့်ချိခဲ့ပါတယ်။
Facebook ဝက်ဘ်ဆိုက် ဒီဇိုင်းသစ်က အလွန်သပ်ရပ်ပြီး white space များစွာ အသုံးပြုထားပါတယ်။ ဒါ့အပြင် လူအများမျှော်လင့်နေတဲ့ dark mode လည်းပါဝင်လာပါတယ်။ Facebook ရဲ့ Groups လုပ်ဆောင်ချက်တွေကို အသားပေးထားပြီး Watch, Marketplace နဲ့ Gaming ကဏ္ဍတွေကိုလည်း အပေါ်ဘားမှာ အလွယ်တကူ ဝင်ရောက်ကြည့်နိုင်ပါတယ်။
-စိုးထက်
Ref: TheVerge
အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel မှာ Subscription လုပ်ထားဖို့လိုမယ်နော်….