စက္ဘီးနဲ႔ စကူတာေတြမွာ နည္းပညာသစ္ထည့္သြင္းဖို႔ အဖြဲ႕တစ္ခုကုိ Uber ခန္႔အပ္

[ Zawgyi ]

Uber ဟာ ေမာင္းသူမဲ့ကား အစီအစဥ္ေတြကုိ ျပန္လည္ စတင္ေနေပမယ့္ ႏွစ္ဘီးဝန္ေဆာင္မႈမွာ နည္းပညာသစ္ေတြထည့္သြင္းဖို႔လည္း စီစဥ္ေနပါတယ္။ Uber ဟာ ေဝမွ်စီးနင္းႏိုင္တဲ့ စက္ဘီးေတြနဲ႔ စကူတာေတြမွာ “sensing နဲ႔ robotics” နည္းပညာေတြထည့္သြင္းဖို႔ “micromobility robotics” အဖြဲ႔ကုိ ခန္႔အပ္ခဲ့ပါတယ္။ အဲဒီသတင္းကို Telegraph က ေဖာ္ျပသြားခဲ့ပါတယ္။ ဒါေပမဲ့ သတင္းထဲမွာ Uber ရဲ႕ အစီအစဥ္ အေသးစိတ္ကုိေတာ့ မေဖာ္ျပသြားခဲ့ပါဘူး။

ၿမိဳ႕တခ်ိဳ႕မွာ ျဖစ္သလိုရပ္ထားတဲ့ စကူတာေတြေၾကာင့္ ပန္းၿခံထဲမွာ အလိုအေလ်ာက္ ပါကင္ထိုးႏိုင္တဲ့ နည္းပညာကုိ ဖန္တီးဖို႔ Uber စီစဥ္ေနဖြယ္ရွိတယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။
Uber အေနနဲ႔ အဖြဲ႕သစ္တစ္ခု စတင္ငွားရမ္းထားတဲ့အတြက္ တကယ့္အစီအစဥ္ကုိ ျမင္ေတြ႕ရဖို႔ ကာလအေတာ္အတန္ ၾကာျမင့္ဦးမွာ ျဖစ္ပါတယ္။ Ube ဟာ ေဈးကြက္ထဲမွာ Lime, Lyft နဲ႔အျခားကုမၸဏီေတြ ယွဥ္ၿပိဳင္ေနရတဲ့အတြက္ နည္းပညာသစ္ေတြ ထည့္သြင္းဖို႔ စီစဥ္ေနတာပဲ ျဖစ္ပါတယ္။

စိုးထက္
Ref: Engadget

[ Unicode ]

Uber ဟာ မောင်းသူမဲ့ကား အစီအစဉ်တွေကို ပြန်လည် စတင်နေပေမယ့် နှစ်ဘီးဝန်ဆောင်မှုမှာ နည်းပညာသစ်တွေထည့်သွင်းဖို့လည်း စီစဉ်နေပါတယ်။ Uber ဟာ ဝေမျှစီးနင်းနိုင်တဲ့ စက်ဘီးတွေနဲ့ စကူတာတွေမှာ “sensing နဲ့ robotics” နည်းပညာတွေထည့်သွင်းဖို့ “micromobility robotics” အဖွဲ့ကို ခန့်အပ်ခဲ့ပါတယ်။ အဲဒီသတင်းကို Telegraph က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထဲမှာ Uber ရဲ့ အစီအစဉ် အသေးစိတ်ကိုတော့ မဖော်ပြသွားခဲ့ပါဘူး။

မြို့တချို့မှာ ဖြစ်သလိုရပ်ထားတဲ့ စကူတာတွေကြောင့် ပန်းခြံထဲမှာ အလိုအလျောက် ပါကင်ထိုးနိုင်တဲ့ နည်းပညာကို ဖန်တီးဖို့ Uber စီစဉ်နေဖွယ်ရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Uber အနေနဲ့ အဖွဲ့သစ်တစ်ခု စတင်ငှားရမ်းထားတဲ့အတွက် တကယ့်အစီအစဉ်ကို မြင်တွေ့ရဖို့ ကာလအတော်အတန် ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။ Ube ဟာ ဈေးကွက်ထဲမှာ Lime, Lyft နဲ့အခြားကုမ္ပဏီတွေ ယှဉ်ပြိုင်နေရတဲ့အတွက် နည်းပညာသစ်တွေ ထည့်သွင်းဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

Ref: Engadget