စက်တင်ဘာ ၂၅ ရက်နေ့တွင် V7/V7+ Launching Event ပြုလုပ်မည်

Vivo Mobile Myanmar Co., Ltd အနေဖြင့် ပြည်တွင်းဈေးကွက်၍ ဖြန့်ချိတော့မည့် ထုတ်ကုန်သစ် V7/V7+ တို့ကို မိတ်ဆက်သည့် အခမ်းအနားအား လာမည့်စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာလိုက်ပါသည်။

အဆိုပါ Launching Event ကို Novotel Hotel Yangon Ballroom တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မီဒီယာများကိုလည်း မကြာခင်ရက်ပိုင်းအတွင်း ဖိတ်ကြားလွှာများ ပေးပို့သွားတော့မည် ဖြစ်ကြောင်းလည်း သိရသည်။

Vivo Myanmar အနေဖြင့် အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကို ယခင်ပြုလုပ်ခဲ့ဖူးသည့် မိတ်ဆက်ပွဲအခမ်းအနားများထက် ပိုမိုကြီးကျယ်ခမ်းနားစွာ ပြုလုပ်သွားမည်ဟုလည်း တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

V7/V7+ ကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိတ်ဆက်ပေးသွားမည်ဖြစ်သော်လည်း ချက်ချင်းရောင်းချဦးမည်မဟုတ်ဘဲ ပထမဆုံး ရောင်းချမှုပြုလုပ်မည့်ရက်ကို ထပ်မံကြေညာသွားမည်ဟု သိရပါသည်။

“အခုတစ်ခေါက် ပြုလုပ်ကျင်းပမယ့် Launching Event ကို အထူးပဲ အားစိုက်ပြီး ပြင်ဆင်ထားပါတယ်။ Event ကို ရောက်လာတဲ့ သူတိုင်းက အံ့အားသင့် ကျေနပ်သွားတဲ့ စိတ်ခံစားချက်ကို ပေးဖို့ရည်ရွယ်ပြီးတော့လည်း ပြုလုပ်ထားတာပါ။ ဒီ Event ကြီးမှာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်သစ်ကို မိတ်ဆက်ပေးပါမယ်။ ပထမဦးဆုံး ရောင်းချမယ့်ရက်ကိုတော့ ထပ်ပြီးကြေညာသွားမှာပါ။ Vivo ကို နှစ်သက်မြတ်နိုးကြတဲ့ Customer တွေအားလုံးလည်း ဒီ V7+ ကို တွေ့လိုက်တာနဲ့ အသုံးပြုချင်သွားမယ်၊ အသုံးပြုပြီးရင်လည်း ကျေနပ်အားရကြမယ်လို့ မျှော်လင့်ပါတယ်” ဟု Vivo ၏ တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့ပါသည်။

လက်ရှိသိရှိထားသော သတင်းများအရ V7+ သည် V5 နှင့် အရွယ်အစားချင်း တူညီသော်လည်း မျက်နှာပြင်မှာမူ ပိုမိုကျယ်ပြန့် သွားမည်ဖြစ်ကြောင်း သိရပါသည်။ ဘေးနှစ်ဘက်တွင် ကျဉ်းမြောင်းသည့် ဘောင်များကို အသုံးပြုထားပြီး ဖုန်းကိုယ်ထည် အထက်နှင့်အောက်တွင်လည်း နေရာလွတ် အနည်းငယ်သာ ချန်လှပ်ထားသည်ကို တွေ့ရပါသည်။ ထိုသို့ မျက်နှာပြင်အတွက် နေရာပေးလိုက် ရသောကြောင့် Fingerprint သည် ဖုန်း၏ နောက်ကျောဘက်သို့ ရောက်ရှိ သွားမည် ဖြစ်ကြောင်းလည်း သိရပါသည်။

-စည်သူ