စက္တင္ဘာ ၁၀ ရက္မွာ iPhone ေတြကုိ Apple ထုတ္ေဖာ္မိတ္ဆက္မည္

[ Zawgyi ]

Apple ဟာ စက္တင္ဘာလ ၁၀ ရက္မွာ iPhone သစ္ကုိ ကယ္လီဖိုးနီးယားျပည္နယ္၊ ကူပါတီႏိုက ကုမၸဏီဌာနခ်ဳပ္က Steve Jobs ခန္းမမွာ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

ကုမၸဏီအေနနဲ႔ ပြဲအတြက္ တရားဝင္ဖိတ္စာကုိ ေဝငွေနၿပီျဖစ္ပါတယ္။ ဖိတ္စာမွာ Innovation ဆန္းသစ္တီထြင္ စကားလုံးကုိ အသုံးျပဳထားၿပီး iPhone သစ္ေတြမွာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ feature ကို ျမင္ေတြ႕ႏိုင္ပါတယ္။

သတင္းေတြက ေဖာ္ျပေနတဲ့ ေကာလာဟလသတင္းေတြ၊ ေပါက္ၾကားထြက္ရွိမႈနဲ႔ ခန္႔မွန္းမႈေတြအရ iPhone ၃မ်ိဳး ကို ျမင္ေတြ႕ရဖြယ္ရွိပါတယ္။ iPhone XS နဲ႔ XS Max ေနရာအစားထိုးမယ့္ ထုတ္ကုန္ေတြကုိ iPhone Pro လို႔ေခၚဆိုဖြယ္ရွိၿပီး ေက်ာဘကင္မရာ ၃ လုံး ပါဝင္လာႏိုင္ပါတယ္။ iPhone XR ေနရာဆက္ခံမယ့္ ထုတ္ကုန္က ၂ မ်ိဳးလို႔ သိရပါတယ္။

ဒါ့အျပင္ အဲဒီ iPhone မွာ 120fps slow-motion ဗီဒီယို႐ိုက္ကူးႏိုင္မယ့္ selfie ကင္မရာ ပါဝင္လာႏိုင္ပါတယ္။ Pro ထုတ္ကုန္ေတြမွာ ႀကိဳးမဲ့ပုံစံနဲ႔ အျပန္အလွန္အားသြင္းႏိုင္မယ့္ AirPods case လည္းပါဝင္ဖြယ္ရွိပါတယ္။ iPhone ၃ မ်ိဳးက ေရွ႕မွာထြက္ရွိတဲ့ ေမာ္ဒယ္ေတြလို အရြယ္အစားနဲ႔ ႐ုပ္ထြက္အရည္အေသြးက တူညီဖြယ္ရွိၿပီး Lightning port ပါဝင္လာႏိုင္ပါတယ္။

ဖုန္းသစ္ေတြမွာ A13 ခ်စ္ပ္ေတြလည္း ပါဝင္လာႏိုင္ကာ 3D Touch ေနရာမွာ Haptic touch ကို အစားထိုးဖြယ္ရွိပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Apple ဟာ စက်တင်ဘာလ ၁၀ ရက်မှာ iPhone သစ်ကို ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုက ကုမ္ပဏီဌာနချုပ်က Steve Jobs ခန်းမမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ ပွဲအတွက် တရားဝင်ဖိတ်စာကို ဝေငှနေပြီဖြစ်ပါတယ်။ ဖိတ်စာမှာ Innovation ဆန်းသစ်တီထွင် စကားလုံးကို အသုံးပြုထားပြီး iPhone သစ်တွေမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ feature ကို မြင်တွေ့နိုင်ပါတယ်။

သတင်းတွေက ဖော်ပြနေတဲ့ ကောလာဟလသတင်းတွေ၊ ပေါက်ကြားထွက်ရှိမှုနဲ့ ခန့်မှန်းမှုတွေအရ iPhone ၃မျိုး ကို မြင်တွေ့ရဖွယ်ရှိပါတယ်။ iPhone XS နဲ့ XS Max နေရာအစားထိုးမယ့် ထုတ်ကုန်တွေကို iPhone Pro လို့ခေါ်ဆိုဖွယ်ရှိပြီး ကျောဘကင်မရာ ၃ လုံး ပါဝင်လာနိုင်ပါတယ်။ iPhone XR နေရာဆက်ခံမယ့် ထုတ်ကုန်က ၂ မျိုးလို့ သိရပါတယ်။

ဒါ့အပြင် အဲဒီ iPhone မှာ 120fps slow-motion ဗီဒီယိုရိုက်ကူးနိုင်မယ့် selfie ကင်မရာ ပါဝင်လာနိုင်ပါတယ်။ Pro ထုတ်ကုန်တွေမှာ ကြိုးမဲ့ပုံစံနဲ့ အပြန်အလှန်အားသွင်းနိုင်မယ့် AirPods case လည်းပါဝင်ဖွယ်ရှိပါတယ်။ iPhone ၃ မျိုးက ရှေ့မှာထွက်ရှိတဲ့ မော်ဒယ်တွေလို အရွယ်အစားနဲ့ ရုပ်ထွက်အရည်အသွေးက တူညီဖွယ်ရှိပြီး Lightning port ပါဝင်လာနိုင်ပါတယ်။

ဖုန်းသစ်တွေမှာ A13 ချစ်ပ်တွေလည်း ပါဝင်လာနိုင်ကာ 3D Touch နေရာမှာ Haptic touch ကို အစားထိုးဖွယ်ရှိပါတယ်။

Ref: GSMArena