ငွေကြေးဆိုင်ရာပညာရပ်အကြောင်း အခမဲ့ လေ့လာနိုင်မည့် အွန်လိုင်းသင်တန်းပြုလုပ်မည်

Financial Literacy Online Learning Festival ငွေကြေးဆိုင်ရာပညာရပ်တွေအကြောင်း အွန်လိုင်းကနေ အခမဲ့သင်ယူနိုင်မယ့် သင်တန်းကို Yoma Bank နဲ့ Prudential Myanmar တို့ ပူးပေါင်းပံ့ပိုးကူညီမှုနဲ့အတူ Phandeeyar Institute ကနေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက် အထိ တစ်ပတ်တာ အချိန်အတွင်း အွန်လိုင်းကနေ အခမဲ့ လေ့လာနိုင်မှာဖြစ်ပြီး COVID 19 ဖြစ်နေတဲ့ ကာလမှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကျောင်းသားလူငယ်တွေ၊ လုပ်ငန်းခွင်ဝင်ရောက်နေသူတွေ၊ အသေးစားအလတ်စားလုပ်ငန်း ပိုင်ဆိုင်သူတွေ၊ နည်းပညာအခြေပြုစီးပွားရေးလုပ်ငန်း တည်ထောင်လိုသူတွေအားလုံး အကျိုးရှိစေဖို့အတွက် ရည်ရွယ်ထားတဲ့ အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီအစီအစဉ်မှာ ငွေကြေးဆိုင်ရာပညာရပ်တွေအကြောင်းကို နယ်ပယ်အသီးသီးက အတွေ့အကြုံရှိ အသိပညာရှင် အတတ်ပညာရှင်တွေထံက သင်ယူရမှာ ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ နယ်ပယ်အသီးသီးက လုပ်ငန်းအတွေ့အကြုံများစွာကို ပိုင်ဆိုင်ထားတဲ့ ငွေကြေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်၊Manager တွေ၊ CEO တွေ အစရှိတဲ့ ပညာရှင် (၃၀) နီးပါးက ဝင်ရောက်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

သင်ယူလိုသူတွေအနေနဲ့ ရက်သတ္တပတ်လုံး သင်ယူစရာမလိုဘဲ မိမိစိတ်ဝင်စားတဲ့ ပညာရပ်တွေကို နေ့ရက်အလိုက် ရွေးချယ်သင်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Webinar Session တွေမှာ လေ့လာနိုင်မယ့် ဘာသာရပ်တွေ၊ trainer တွေနဲ့ နေ့ရက်တွေကို https://app.phandeeyar.institute/ မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««