ငယ်ဘဝကို သတိရစေမယ့် Nintendo ရဲ့ Mario Game & Watch

Nintendo ကတော့ ငယ်ဘဝကို အမှတ်ပြန်ရစေမယ့် ဂိမ်းစက်လေးတွေကို ထုတ်လုပ်နေပါတယ်။ အခုဆိုရင်လည်း ပထမဆုံး Mario ဂိမ်းကို ကစားနိုင်မယ့် သီးသန့်ဂိမ်းစက် Super Mario Bros. Game & Watch ကိုရောင်းချနေပါတယ်။

ဂိမ်းစက် အသေးစားလေးမှာ ဂိမ်း ၂ မျိုးလောက်ပဲ ကစားနိုင်ပါမယ်။ ပုံသဏ္ဍာန်က ချစ်စရာကောင်းပြီး စုဆောင်းသူတွေ စိတ်ကြိုက်ဖြစ်စေမယ့် ဂိမ်းစက်ဖြစ်ပါတယ်။ Game & Watch ဂိမ်းစက်ကို ဘေးဘက်ခလုတ်နဲ့ ဖွင့်ရပါတယ်။ ဂိမ်းမှာ မူလ Super Mario Bros. ဂိမ်းနဲ့ Super Mario Bros. 2 ဂိမ်းအပြင် Mario က ဘောလုံးကို အမြန်ပစ်မြှောက်တဲ့ LCD ဂိမ်းတို့ ပါဝင်လာပါတယ်။

မျက်နှာပြင် သေးငယ်ပေမယ့် အရောင်တောက်ပပါတယ်။ မူလ Nintendo ဂိမ်း pixel အတိအကျ အတိုင်း ဖော်ပြထားပါတယ်။

-စိုးထက်
Ref: TechCrunch

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ  ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««