ဂြိုဟ်တုကတစ်ဆင့် ထိန်းချုပ်တဲ့ စက်သေနတ်နဲ့ အီရန်သိပ္ပံပညာရှင် လုပ်ကြံခံရ

အီရန်က ထိပ်တန်း နျူကလီးယားသိပ္ပံပညာရှင်ဟာ ဂြိုဟ်တုနဲ့ ထိန်းချုပ်တဲ့ စက်သေနတ်နဲ့ လုပ်ကြံခံခဲ့ရတယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။

အီရန်သိပ္ပံပညာရှင် မိုဆန်ဖာရီဇာဒါဟာ တဟီရန်နားက ကိုယ်ပိုင်ကားအနီး သေနတ်သမား လုပ်ကြံမှုကို ခံခဲ့ရပြီး နိုဝင်ဘာ ၂၇ ရက်မှာ သေဆုံးသွားပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်သမ္မတက အစ္စရေးကို အပြစ်တင်ခဲ့ပါတယ်။

အီရန်နိုင်ငံပိုင် သတင်းဌာန Mehr ကတော့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ လက်ထောက် အလီဖာဒါဗီ ပြောစကားကို ကိုးကားပြီး “မိုဆန်ဖာရီဇာဒါကို ပစ်မှတ်ထားဖို့ စက်သေနတ်မှာ artificial intelligence စနစ် ပါဝင်လာပါတယ်” လို့ ဖော်ပြခဲ့တယ်။

မစ္စတာမိုဆန်ဖာရီဇာဒါဟာ သေနတ်နဲ့ ၁၃ ချက် ပစ်ခံခဲ့ရပါတယ်။ သေနတ်ပစ်မှတ်က တိကျတဲ့အတွက် ကားတစ်စီးထဲမှာ အတူထိုင်နေတဲ့ သိပ္ပံပညာရှင်ဇနီးဖြစ်သူကိုတော့ မထိခိုက်ခဲ့ပါဘူး။

-စိုးထက်
Ref: SkyNews

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««