ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းမှ AGTI ပထမနှစ် ဝင်ခွင့် လျှောက်လွှာခေါ်ယူ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နဲ့ ဂျပန်နိုင်ငံအစိုးရတို့ ပူးပေါင်း တည်ထောင်ထားသော ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း (Japan-Myanmar Aung San Vocational Training Institute) မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်သင်တန်းသား ခေါ်ယူမယ်လို့ သိရပါတယ်။

မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှုနည်းပညာ (Automotive Technology (Maintenance))၊ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာ (Eletrical Engineering (Industry)) သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလ ၃ နှစ် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာ လက်မှတ်ပေးအပ်မှာ ဖြစ်ပါတယ်။ A.G.T.I ၃ နှစ်သင်တန်းပြီးဆုံးပြီး သတ်မှတ် အရည်အချင်း ပြည့်မီပါက နည်းပညာတက္ကသိုလ်တွေရဲ့ သက်ဆိုင်ရာ တတိယနှစ်သင်တန်းတွေကို ပေါင်းကူးတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ် ပါဝင်တဲ့ မည်သည့် ဘာသာတွဲမဆို အောင်မြင်ထားသူတွေ လျှောက်ထားနိုင်ပြီး တက္ကသိုလ်ဝင်စာမေးပွဲမှာ ရရှိခဲ့တဲ့ အင်္ဂလိပ် နဲ့ သင်္ချာ စုစုပေါင်းရမှတ်ပေါ်မူတည်ကာ ရွေးချယ်မှာဖြစ်ပါတယ်။ သင်တန်းသားဦးရေ ၂၀ သာ လက်ခံမှာဖြစ်ပြီး အသေးစိတ်ကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ် စဉ့်ငူရပ်ကွက် ရှိ ဂျပန် – မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း ဖုန်း – ၀၉၄၀၆၀၅၃၁၂၄ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ