ဂျပန်မှာ ရောင်းချမယ့် Sony Xperia 8 Lite

Sony ဟာ Xperia 8 Lite အမည်ရ စမတ်ဖုန်းသစ်ကို ဂျပန်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ မိတ်ဆက်ခဲ့တဲ့ Xperia 10 နဲ့ ကိုယ်ထည်၊ အသေးစိတ်အချက် တော်တော်များများ တူညီပါတယ်။ ကွာခြားချက်ကတော့ ကင်မရာပိုင်းပဲ ဖြစ်ပါတယ်။

Xperia 8 Lite မှာ Snapdragon 630 chipset ပါဝင်လာပါတယ်။ မျက်နှာပြင်အရွယ် ၆ လက်မ LCD panel နဲ့ Full HD+ ရုပ်ထွက်အရည်အသွေးကို အသုံးပြုထားပြီး ultra tall 21:9 ratio ပါဝင်လာပါတယ်။ ကင်မရာပိုင်းကတော့ 12MP f/1.8+ 8MP f/22.4 ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။ နှိုင်းယှဉ်ရင်တော့ Xperia 10 မှာ 13MP f/2.0+ 5MP f/2.4 depth sensor တို့ပါဝင်လာပါတယ်။ Xperia 8 Lite နဲ့ Xperia 10 အကြား ဒုတိယကင်မရာကတော့ ခြားနားမှုရှိနေပါတယ်။ Sony Xperia 8 Lite မှာတော့ 2x optical zoom ပါဝင်တယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။

ရှေ့ကင်မရာကတော့ 8MP f/2.0 ဖြစ်ပြီး ထိပ်ဘက်မှာ 3.5mm နားကြပ်ပေါက်၊ အောက်ဘက်မှာ USB-C port ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 2,870mAh ဖြစ်ပါတယ်။ Xperia 8 Lite မှာတော့ လွန်ခဲ့တဲ့ ၂ နှစ်က ထွက်ထားတဲ့ Android Pie ကိုပဲ အသုံးပြုထားပါတယ်။ Xperia 8 Lite ရဲ့ RAM 4GB နဲ့ 64GB ဗားရှင်းကို ဂျပန်ယန်း ၂၉,၈၀၀ (ဒေါ်လာ ၂၈၀) နဲ့ရောင်းချပါမယ်။


စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««