ဂျပန်မှာ နိုဝင်ဘာလအတွင်း Xbox X series X ကိုရောင်းချမယ်

Microsoft ဟာ နိုဝင်ဘာလအတွင်း Xbox Series X ကို အဓိက ဈေးကွက်တွေနဲ့ အပြိုင် ဂျပန်မှာလည်း ရောင်းချမယ်လို့ Microsoft က အတည်ပြုခဲ့ပါတယ်။ Microsoft က ဂျပန်ဝက်ဘ်ဆိုက် Game Watch က မေးမြန်းမှုကို ပြန်ဖြေကြားခဲ့ပါတယ်။

Microsoft က Xbox One ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ ဖြန့်ချိတုန်းက နိုင်ငံ ၁၃ နိုင်ငံအတွက် စတင်ရောင်းချခဲ့ပါတယ်။ ဂျပန်နဲ့ အခြားဒေသအတွက် ၂၀၁၄ စက်တင်ဘာလမှပဲ ဂိမ်းစက်ကို ရောင်းချပေးခဲ့ပါတယ်။

Xbox One ဂိမ်းစက်ဟာ ဂျပန်မှာ မအောင်မြင်ခဲ့ပါဘူး။ Media Create ဖော်ပြချက်အရ One S နဲ့ One X အပါအဝင် ဂိမ်းစက်စုစုပေါင်း ၁၁၄,၀၀၀ ပဲရောင်းချခဲ့ရပါတယ်။ Microsoft ဟာ ဂျပန်ဈေးကွက်အတွက် ရုန်းကန်နေရတာ ကြာပါပြီ။ Xbox One ဂိမ်းရောင်းအားက Xbox 360 လိုမျိုး ဂိမ်းစက်ထက် အခြေအနေ ဆိုးဝါးခဲ့ပါတယ်။ Xbox 360 ကတော့ ၂၀၁၄ အကုန်မှာ ၁.၆၅ သန်း ရောင်းချခဲ့ရပြီး ဂျပန်မှာ အောင်မြင်ခဲ့ပါတယ်။

-စိုးထက်
Ref:TheVerge