ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ အတွက် စာမေးပွဲကြေးများ ပြန်လည်ထုတ်ပေး

၂၀၂၀ ခုနှစ် ဇူလိုင်လမှာ မကျင်းပဖြစ်ခဲ့တဲ့ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် စာမေးပွဲကြေး (ဖောင်ကြေးမပါ) ကို ဇူလိုင် ၉ ရက် က MAJA Facebook Page မှာ ကြေညာထားတဲ့ နည်းလမ်းများအတိုင်း ဘဏ်ဝန်ဆောင်မှု အခ အစရှိတဲ့ အဖိုးအခတွေကို နုတ်ယူခြင်းမရှိဘဲ အပြည့်အ၀ ပြန်လည်ထုတ်ပေးနေတယ်လို့ သိရပါတယ်။

စာမေးပွဲကြေးတွေကို စက်တင်ဘာ ၃၀ ရက် အထိ ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပြီး Email (သို့) Viber နဲ့ စာမေးပွဲကြေး ထုတ်ယူဖို့ လျှောက်လွှာတင်ထားပြီး မရရှိသေးတဲ့ စာဖြေသူတွေအနေနဲ့ လည်း အနည်းငယ် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

အွန်လိုင်းမှ တစ်ဆင့် စာမေးပွဲကြေးပြန်လည်ထုတ်ယူရန် အဆင်မပြေသူတွေ အနေနဲ့ အောက်တိုဘာ ၁ ရက် မှ နိုဝင်ဘာ ၃၀ ရက်အတွင်း ဖုန်းနဲ့ ကြိုတင် ရက်ချိန်း ယူပြီး ပြန်လည် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကို စက်တင်ဘာလကုန်မှာ ထပ်မံကြေညာပေးသွားမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို MAJA ရန်ကုန် ဖုန်း- ၀၉-၉၆၂၇၅၁၃၇၃၊ မန္တလေး – ၀၉-၂၅၅၁၆၂၅၃၃ နဲ့ ပဲခူး – ၀၉-၆၉၂၂၈၈၇၅၁ ကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

-သန္တာ

စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ……
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 ၊ မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ