ဂျပန်ဘာသာစကားဖလှယ်ပွဲ ပြုလုပ်မည်

တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ အိုဆာကာတက္ကသိုလ်တို့မှ မြန်မာစာဌာန ပထမနှစ်၊ ဒုတိယနှစ် ဂျပန်ကျောင်းသားတွေနဲ့ ဂျပန်ဘာသာစကားဖလှယ်ပွဲ အစီအစဉ်ကို စက်တင်ဘာ ၂၄ ရက်၊ နံနက် ၁၀ နာရီခွဲ မှ ၁၁ နာရီခွဲ အထိ Zoom Application မှတစ်ဆင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

ပွဲသို့ ဂျပန်စာအရည်အချင်း N3 Level နဲ့အထက်ရှိသူများ၊ မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၊အထက်တန်းအောင်မြင်ပြီးသူများ၊ အနာဂတ်မှာ ဂျပန်တွင် ပညာသင်သွားရောက်ရန် ရည်ရွယ်ထားသူများ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ပါဝင်နိုင်တဲ့လူဦးရေ ၁၀ ယောက် သတ်မှတ်ထားပြီး ပါဝင်လိုသူတွေ အနေနဲ့ OJEIC ဖုန်း – ၀၉၂၆၁၈၄၁၀၅၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««