ဂျပန်ဘာသာစကားကို အွန်လိုင်းမှ တစ်ဆင့် အခမဲ့သင်ကြားပေးသွားမည်

ဂျပန်ဘာသာစကားကို အွန်လိုင်းမှ တစ်ဆင့် ZOOM App အသုံးပြုကာ အခမဲ့သင်ကြားပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှ သိရပါတယ်။

သင်တန်းကို စက်တင်ဘာ ၂၆ ရက်မှ စတင်ကာ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းမှာ Basic Class နဲ့ Advance Class ဆိုပြီး နှစ်မျိုးခွဲကာ သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကို မန္တလေး တက္ကသိုလ် MBA သင်တန်းမှာ Visiting Professor အဖြစ်သင်ကြားပို့ချနေတဲ့ ဂျပန်နိုင်ငံ Nagoya မြို့ မှ Prof; Dr Yuri SADOI (MEIJO University Japan) နဲ့ မန္တလေးတက္ကသိုလ်၊ MIIT ၊နည်းပညာတက္ကသိုလ် (မန္တလေး)၊ကွန်ပျူတာတက္ကသိုလ် (မန္တလေး) တို့မှာ ဂျပန်ဘာသာ သင်ကြားပို့ချနေတဲ့ ကထိက Mr Toshiyuki SADOI တို့က အခမဲ့သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းနှစ်ခုစလုံး အတွက် ဂျပန်ဆရာများက အင်္ဂလိပ်ဘာသာစကားကို ကြားခံအသုံးပြုကာ သင်ကြား ပေးသွားမှာ ဖြစ်ပြီး သင်တန်းသား (၂၀၀) ဦး လက်ခံသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလအနေနဲ့ တစ်နှစ်ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူ‌တွေ အနေနဲ့ MRCCI အသင်းရုံး ဖုန်း ၀၂-၄၀၆၉၃၂၆ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-ဝေဝေ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««