ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ဘာသာစကားဆိုင်ရာ ဗီဒီယိုများကို YouTube တွင်ကြည့်ရှုနိုင်မည်

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ဂျပန်ဘာသာစကားဆိုင်ရာ ဗီဒီယိုတွေကို YouTube မှာကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

The Japan Foundation, Yangon အမည်ဖြင့် YouTube channel မှာ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ပြုလုပ်နေတဲ့ အစီအစဥ်တွေ၊ ပရိုဂရမ်တွေနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့နဲ့ ဂျပန်ဘာသာစကား၊ ဂျပန်ယဥ်ကျေးမှုအကြောင်း ဗီဒီယိုတွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ဂျပန်ဘာသာစကား၊ ဂျပန်ရေးရာနဲ့ ဂျပန်ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အကြောင်းအရာ၊ အချက်အလက်များကို ဖေ့စ်ဘွတ်ခ်နဲ့ ဝက်ဘ်ဆိုက်တွေမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ယခုလက်ရှိ YouTube Channel မှာ ဗီဒီယိုပေါင်း ၂၀ ကျော်ခန့်ကို ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««