ဂျပန်ပညာရေးပွဲတော်ကျင်းပမည်

ဂျပန်ပညာရေးပွဲတော် (Online Study in Japan Fair 2021 Myanmar ) ကို ဇန်နဝါရီ ၃၁ ရက် မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားမယ်လို့ OJEIC မှ သိရပါတယ်။
အွန်လိုင်းပညာရေးပွဲတော်မှာ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များ၊ သက်မွေးကောလိပ်များ၊ ဂျပန်စာသင်ကျောင်းများ အစရှိတဲ့ အဖွဲ့အစည်း ၃၇ ခု ပါဝင်မှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၃၁ ရက်မှ စတင်ကာ Special Website တွင် သတင်းအချက်အလက်များကို ရရှိနိုင်ပြီး ဖေဖော်ဝါရီ ၈ ရက် မှ ၁၃ ရက်အတွင်း ကျောင်းအသီးသီးနဲ့ အဖွဲ့လိုက် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
တက်ရောက်လိုသူတွေ အနေနဲ့ https://studyinjapan-myanmar.com မှာ စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။ ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ကို OJEIC ဖုန်း-၀၉၂၆၁၈၄၁၀၅၄ (ရန်ကုန်) နဲ့ ၀၉၄၅၉၃၄၃၃၄၀ (မန္တလေး) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။