ဂျပန်နိုင်ငံ Ritsumeikan Asia Pacific University (APU) ၏ အွန်လိုင်းပညာရေးဆွေးနွေးပွဲ ကျင်းပမည်

ဂျပန်နိုင်ငံ Ritsumeikan Asia Pacific University (APU) ရဲ့ အွန်လိုင်းပညာရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ ရက်၊ နံနက် ၁၀ နာရီ မှ ၁၂ နာရီ အထိ Zoom နဲ့ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အကောင်းဆုံး နိုင်ငံတကာတက္ကသိုလ် APU မှာ ဘွဲ့ရသည်အထိ ပညာသင်ဆုပမာဏ အများဆုံး ၁ဝဝ ရာခိုင်နှုန်းနဲ့ သင်ကြားခွင့်ရနိုင်မယ့်အခွင့်အရေး ခေါင်းစဥ်နဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး APU မှာ တက်ရောက်သင်ကြားနိုင်တဲ့ Bachelor of Business Administration(BBA) and Bachelor of Social Science ပရိုဂရမ်များအကြောင်း၊ APUကနေ ဘွဲ့ရပြီးတဲ့အခါ ဘယ်လိုအလုပ်အကိုင်အခွင့်အလမ်းတွေရှိလဲ၊ ကျောင်းလျှောက်ထားနိုင်ဖို့ ပြင်ဆင်မှုတွေနဲ့ လိုအပ်ချက်များ အကြောင်း၊ APU မှာဘွဲ့ရတဲ့အထိ လျှောက်ထားနိုင်မယ့် ၃၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၆၅ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုများအကြောင်း၊ ပညာသင်ဆုနဲ့ တက်ရောက်သင်ယူနေတဲ့ မြန်မာကျောင်းသူ/သားတွေရဲ့ အတွေ့အကြုံများ အပြင် APU ပညာသင်ဆု လျှောက်ထားဖို့ အသေးစိတ်လိုအပ်ချက်တွေကို APU တက္ကသိုလ်တာဝန်ခံနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲသို့ မြန်မာ (၁၀) တန်းအောင် ကျောင်းသူ/သားတွေ၊ ‘A’ level, Grade-12 ပညာရေးပြီးထားတဲ့ ကျောင်းသူ/သားတွေ၊ မြန်မာနိုင်ငံအတွင်းက British Curriculum/ American Curriculum နဲ့ သင်ယူထားတဲ့ကျောင်းသူ/သားတွေ၊ မြန်မာနိုင်ငံမှာ တက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသူ/သားတွေ၊ အသိအမှတ်ပြုဘွဲ့တစ်ခု ရရှိထားတဲ့ ကျောင်းသူ/သားတွေနဲ့ မိဘတွေ တက်ရောက်သင့်ပြီး ပွဲတက်ရောက်လိုသူတွေအနေနဲ့ https://b.link/crownevent မှာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««