ဂျပန်နိုင်ငံ JDS ၏ MBA ပညာသင်ဆုအတွက် လျှောက်လွှာခေါ်ယူ

The Project for Human Resource Development Scholarship by Japanese Grant Aid (JDS) in Myanmar 2020 (for AY 2021-2022) အစီအစဉ်နဲ့ Master of Business Administration (MBA) ပညာသင်ဆုများ ပေးအပ်သွားမယ်လို့ သိရပါတယ်။

ပညာသင်ဆုပေးအပ်မယ့် တက္ကသိုလ်က Ritsumeikan Asia Pacific University (APU) ဖြစ်ပြီး တက်ရောက်ခွင့် ရရှိပါက ကုန်ကျစရိတ် အဝဝကို ဂျပန်နိုင်ငံအစိုးရမှ ကျခံပေးမှာ ဖြစ်ပါတယ်။ လျှောက်ထားသူတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သူတွေ၊အသက် (၂၂) နှစ်ထက်မငယ်၊(၄၀) နှစ် ထက် မကြီးသူတွေ၊ လက်ရှိလုပ်ငန်းခွင်အတွင်းမှာ လုပ်သက်အတွေ့အကြုံ ၂ နှစ် (သို့) ၂ နှစ်နှင့်အထက် ရှိပြီး အချိန်ပြည့် တာဝန် ထမ်းဆောင်နေသူ၊ တက်ရောက်ခွင့်ရရှိပါက ခွင့်ဖြင့်တက်ရောက်နိုင်သူဖြစ်ပြီး ပြန်လည်ရောက်ရှိပါက သက်ဆိုင်ရာဌာနမှာ ပြန်လည်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမှာဖြစ်ပြီး အသင်းချုပ်ဖြင့်လည်း စာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်။

ဒါ့အပြင် Social Responsibility နဲ့ ပတ်သက်ပြီး သိမြင်နားလည်မှုရှိကာ လူ့အဖွဲ့အစည်းအား ပြန်လည် ဝေမျှ အကျိုးပြုလိုသူ၊ တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသူ၊ အင်္ဂလိပ်စာ ဘာသာစကားကျွမ်းကျင်မှု TOEFL ၅၀၀ (သို့) အင်္ဂလိပ်စာ (4) Skills ကျွမ်းကျင်သူတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင် အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများ၊ ကုန်သည်စက်မှု အသင်းချုပ်၏ အသင်းဝင်ကုမ္ပဏီမှ အဖွဲ့ဝင်များ(သို့) ဝန်ထမ်းများ လျှောက်ထားနိုင်ပြီး အဆိုပါ ဘွဲ့တက်ရောက် အောင်မြင်ပါက အနည်းဆုံး (၂) နှစ် ပြန်လည်တာဝန် ထမ်းဆောင်နိုင်သူကို ဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ကုန်သည်စက်မှုအသင်းချုပ်၊ HRD ဌာန၊ ဖုန်း-၀၁ ၂၃၁၄၃၄၄ ~ ၄၉၊ လိုင်းခွဲ ၁၃၃၊ ၁၃၄ သို့ မေးမြန်းနိုင်ပါတယ်။

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community  မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««