ဂျပန်နိုင်ငံ အထက်တန်းကျောင်းတွင် လေ့လာသင်ယူနိုင်မည့် Asia Kakehashi Project 2021 အတွက် လျှောက်လွှာခေါ်ယူ

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ ဂျပန်နိုင်ငံအထက်တန်းကျောင်းမှာ ၆ လ မှ ၁၀ လ ကြာ လေ့လာသင်ယူဖို့ Asia Kakehashi Project 2021 အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

အဆိုပါ Project ဟာ ဂျပန်နိုင်ငံနဲ့ အာရှနိုင်ငံများရှိ အထက်တန်းကျောင်းသား၊ ကျောင်းသူများ အကြားပေါင်းကူးဆက်သွယ်မှုတည်ဆောက်ပေးတာပဲ ဖြစ်ပါတယ်။ Project ကာလ မှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ မှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ဖြစ်ပြီး ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံအစိုးရမှ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်တွင် ကျောင်းဆောင် (သို့) ဖိတ်ခေါ်အိမ်မှာ နေထိုင်ရင်း ဂျပန်နိုင်ငံရှိ အထက်တန်းကျောင်းမှာ ပညာသင်ကြားရေးအတွေ့အကြုံ‌‌တွေကို ရယူနိုင်မှာပါ။ လျှောက်ထားလိုသူတွေဟာ အသက် ၁၅ နှစ် မှ ၁၈ နှစ် အတွင်း မြန်မာနိုင်ငံသားဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးဖြေဆိုခဲ့တဲ့ စာမေးပွဲမှာ ဘာသာရပ်တိုင်း အနည်းဆုံး ရမှတ် ၆၀ ရာခိုင်နှုန်း ရှိရမှာဖြစ်ပြီး ဂျပန်ဘာသာကို လေ့လာသင်ယူနေသူတွေ လျှောက်ထားနိုင်ပါတယ်။ အစီအစဉ်ကာလအတွင်းနဲ့ အစီအစဉ်ပြီးဆုံးချိန်မှာ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံအကြား ပေါင်းကူးဆက်သွယ်မှုအတွက် စိတ်အားထက်သန်စွာဖြင့် ဦးစီးလုပ်ဆောင်နိုင်သူ ဖြစ်ရမှာ ဖြစ်ပါတယ်။

ပါဝင်မယ့် ကျောင်းသား၊ ကျောင်းသူတွေဟာ ဂျပန်နိုင်ငံမှာ အစီအစဉ်အရ နေထိုင်စဉ် ဂျပန် မှ အတွေ့အကြုံရှိ ဒေသခံစေတနာ့၀န်ထမ်းတွေနဲ့ ပရော်ဖက်ရှင်နယ်၀န်ထမ်း‌တွေက ကူညီထောက်ပံ့ခြင်း ပြုလုပ်ပြီး ရွေးချယ်ပို့ဆောင်မယ့် သက်ဆိုင်ရာနိုင်ငံများမှ AFS မိတ်ဖက်အဖွဲ့အစည်းများ သို့မဟုတ် NGOs အဖွဲ့အစည်းများက AFS ရဲ့ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားမှုများနဲ့ အစီအစဉ် မစတင်မီ တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် မှ ဖေဖော်ဝါရီ ၁ ရက် အထိ Google Form Link (For Application) https://docs.google.com/…/1Ejrg03PXzRpvWFru…/viewform… မှာ ဝင်ရောက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို မမြရည်ညို (Project Coordinator) ဖုန်း – ၀၉ ၇၉၅ ၂၆၆၀၁၈ သို့ ရုံးချိ န်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««