ဂျပန်နိုင်ငံရှိ တက္ကသိုလ်တွင် ဘွဲ့ကြိုတန်း တက်ရောက်လိုသူများ အတွက် အွန်လိုင်းမှ ဟောပြောပွဲ ပြုလုပ်မည်

ဂျပန်နိုင်ငံရှိ တက္ကသိုလ်မှာ ဘွဲ့ကြိုတန်း ပညာသင်သူလိုသူတွေအတွက် Study in Japan Online Seminar ကို အောက်တိုဘာ ၈ ရက် နေ့လယ် ၁ နာရီ မှ ၂ နာရီခွဲအထိ Zoom Application မှတစ်ဆင့် ကျင်းပသွားမှာဖြစ်ပြီး အချက်အလက်တွေကို မြန်မာဘာသာနဲ့ ရှင်းလင်းပြောကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိုကာယာမတက္ကသိုလ်၊ English Track Program မှ ပညာသင်ယူနေတဲ့ ကျောင်းသူမှလည်း ပညာသင်အတွေ့အကြုံကို ဝေမျှပေးမှာဖြစ်ပြီး Q & A Section ရှိတဲ့အတွက် မြန်မာဘာသာနဲ့ သိရှိလိုတာတွေကို မေးမြန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ OJEIC Facebook Page ရဲ့ Messenger မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပြီး စာရင်းပေးသွင်းသူတွေကို အီးမေးလ် မှတစ်ဆင့် Meeting ID နဲ့ Password ကို ပြန်လည်ပေးပို့သွားမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း-၀၉၂၆၁၈၄၁၀၅၄ နဲ့ မန္တလေး ဖုန်း – ၀၉၄၅၉၃၄၃၃၄၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««