ဂျပန်နိုင်ငံရှိ ဂျပန်စာသင်တန်းကျောင်း တက်ရောက်လိုသူများ ပညာသင်စရိတ်အတွက် လျှောက်ထားနိုင်

ဂျပန်နိုင်ငံရှိ ဂျပန်စာသင်တန်းကျောင်း တက်ရောက်လိုသူတွေအနေနဲ့ ပညာသင်စရိတ်လျှောက်ထားနိုင်မယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ကျောင်းဖွင့်ချိန် အတွက် လျှောက်ထားနိုင်ပြီး ဂျပန်နိုင်ငံမှာ ၂ နှစ်တာဂျပန်စာ သင်တန်းကျောင်း တက်ခွင့်ရမှာ ဖြစ်ပါတယ်။ လျှောက်ထားမယ့်သူတွေဟာ တက္ကသိုလ်ဘွဲ့ရရှိပြီးသူ အသက် ၂၀ နဲ့ ၃၀. ကြားရှိသူ၊ ဂျပန်ဘာသာအခြေခံလေ့လာပြီးသူ (N5 လေ့လာနေသောသူ) တွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ စည်းကမ်း၊ ကျောင်းစည်းကမ်းတွေကို လိုက်နာနိုင်သူ၊ နောင်တစ်ချိန်မှာ မိမိကိုယ်ကိုယ်နဲ့ မိမိ နိုင်ငံအတွက် အကျိုးပြုသူတစ်ယောက်ဖြစ်ရမယ်လို့ ယုံကြည်ထားသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို mainichischolar@gmail.com သို့ပေးပို့ရမှာဖြစ်ပြီး အသေးစိတ်ကို AKAMONKAI Japanese Language School ဖုန်း – ၀၉၇၈၆၄၃၃၄၅၀ နဲ့ ၀၉၇၈၆၄၃၃၄၅၁ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ