ဂျပန်နိုင်ငံမှာ မိတ်ဆက်လိုက်တဲ့ Sony Xperia 1 Professional Edition

Sony ဟာ Sony Xperia 1 ကို ဇွန်လက ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး အခုဆိုရင် Sony Xperia 1 Professional Edition အမည်နဲ့ ဗားရှင်းသစ်ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Sony Xperia 1 Professional Edition ရဲ့ display နဲ့ ကင်မရာကို အပြောင်းအလဲ ပြုလုပ်ထားပြီး Type-C port ကတစ်ဆင့် LAN ချိတ်ဆက်မှုကို ထောက်ပံ့ထားပါသေးတယ်။

Xperia 1 Professinal Edition မှာ 4K OLED panle နဲ့အတူ 21:9 aspect ratio တို့ပါဝင်လာပြီး 10-bit signal နဲ့ Illuminant D65 color profile နဲ့အတူ ကုမ္ပဏီရဲ့ Master စီးရီး မော်နီတာအတွက် ကြည့်ရှုမှု setting အပေါ် အခြေခံပြီး အကောင်းဆုံးချိန်ညှိထားတဲ့ display ပါဝင်လာပါတယ်။ရှေ့ကင်မရာအတွက် Sony က ပုံဖော်ရေး Edge Mobile app ပါဝင်ပြီး Sony ကင်မရာတွေက ဓာတ်ပုံတွေနဲ့ ဗီဒီယိုကို ကြိုးမလိုဘဲ ဖုန်းဆီ လွှဲပြောင်းနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံဆရာတွေက ဓာတ်ပုံတွေဆီ tag နဲ့ voice caption တွေထည့်သွင်းဖို့ Transfer & Tagging add-on ပါဝင်လာပါတယ်။

Xperia 1 Professional Edition မှာ Type-C port ကတစ်ဆင့် Ehternet ချိတ်ဆက်မှုလည်း ထောက်ပံ့ထားပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ adapter ကိုတော့ သီးသန့်ဝယ်ယူရမှာ ဖြစ်ပါတယ်။ Xperia 1 Professional Edition ရဲ့ home screen အတွက် ထောက်ပံ့လိုက်တဲ့ landscape ဟာ Xperia 1 အနာဂတ် software ထောက်ပံ့မှုမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

Xperia 1 Professional Edition မှာတော့ Snapdragon 855 နဲ့ RAM 8GB နဲ့အတူ storage 128GB တို့ကို ဆက်လက်အသုံးပြုထားပါတယ်။ ဘက်ထရီကတော့ 3,330mAh ဖြစ်ပါတယ်။ Xperia 1 Professional Edition ကတော့ ဒေါ်လာ ၁,၃၂၀ အထိ ကျသင့်ပြီး အောက်တိုဘာလ ၂၅ ရက်မှာ ဂျပန်နိုင်ငံအတွင်း ရောင်းချသွားပါမယ်။

စိုးထက်
Ref: GSMArena