ဂျပန်နိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ပို့ချသော ဘွဲ့သင်တန်းများအကြောင်း

ဂျပန်နိုင်ငံရှိ တက္ကသိုလ်တွေဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလာတာနဲ့အမျှ တက္ကသိုလ်နဲ့ဘွဲ့ လွန်တက္ကသိုလ်တွေမှာ ဂျပန်စာ သင်ယူရခြင်းဆိုတဲ့ အတားအဆီးမျိုး မရှိတော့ဘဲ အင်္ဂလိပ်ဘာသာနဲ့ စာသင်ယူနိုင်ပြီး ဒီဂရီရရှိနိုင်တဲ့ ပရိုဂရမ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အဆိုပါ ပရိုဂရမ်ကို တက်ရောက်နိုင်ဖို့အတွက် ပုံမှန်စာရွက်စာတမ်းအပြင်

– အင်္ဂလိပ်စာအရည်အ ချင်း သက်သေခံစာရွက် (TOEFL, IELTS အစရှိတဲ့ တရားဝင်စာရွက် စာတမ်းမှ အမှတ်စာရင်း သက်သေခံစာရွက်)

– ပညာအရည်အချင်း သက်သေခံစာရွက် (ဘွဲ့ကြို ဆိုပါက EJU, SAT မိမိနိုင်ငံရဲ့ အထက်တန်းကျောင်း အမှတ်စာရင်း စုစုပေါင်း စာရွက်တွေ) တွေ လိုအပ်ပါတယ်။

အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု

ဘွဲ့လွန်တက္ကသိုလ်အတွက် TOEFL iBT 75-80 နဲ့ IELTS 6 လိုအပ်ပါတယ်။

တက္ကသိုလ်အတွက် TOEFL iBT 71-80 နဲ့ IELTS 5.5-6 လိုအပ်ပါတယ်။

အင်္ဂလိပ် ဘာသာဖြင့် သင်ယူနိုင်သော အကောင်းဆုံး တက္ကသိုလ် ၁၀ ခု

Akita International University
Ritsumeikan Asia Pacific University
Miyazaki International College
Ohkagakuen University
Nagoya University of Commerce & Business
International Christian University
Osaka Jogakuin University
Sophia University
Kansai Gaidai Unviersity
Hitotsubashi University

အင်္ဂလိပ်ဘာသာဖြင့် ဒီဂရီရရှိနိုင်သော အတန်းအရေအတွက်

မေဂျာဘွဲ့ကြိုတက္ကသိုလ် ဘွဲ့လွန်တက္ကသိုလ်

Humantities 11 25
Social Science 13 124
Education 0 8
Science 7 214
Engineering 17 571
Agriculture,
Fisheries,
Veterinairian 3 83
Medicine/Health
Science 1 104
Life Science 0 0
Art 0 8
Synthesis,
Interdisciplinary 48 65

အင်္ဂလိပ်ဘာသာဖြင့် ဒီဂရီရရှိနိုင်တဲ့ သင်တန်းကို တက်ရောက်တယ်ဆိုပေမဲ့ ဂျပန်စာ နေ့စဉ်သုံး စကားပြောဆိုခြင်းတွေကို လေ့လာထားပါက ဂျပန်နိုင်ငံမှာနေထိုင်မှု အဆင်ပြေစေပါတယ်။

အင်္ဂလိပ်ဘာသာဖြင့် ဒီဂရီရယူနိုင်သော ပရိုဂရမ်တွေကို www.jasso.go.jp မှာ ရှာဖွေနိုင်ပြီး တက္ကသိုလ်နဲ့ ကောလိပ်တွေကိုတော့ www.jpss.jp/ja/ မှာ ရှာဖွေနိုင်ပါတယ်။

အထက်ပါ အချက်အလက်တွေကို OJEIC မှ ရယူထားပါတယ်။

Asia Kakehashi Project 2020 အကြောင်း

Asia Kakehashi Project 2020 ကတော့ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်း အသင်း (MAJA) မှ ကျောင်သားလူငယ်တွေကို ဂျပန်နိုင်ငံ အထက်တန်းကျောင်းသို့ ၆ လ မှ ၁၀ လကြာ လေ့လာသင်ယူ ရန်အတွက် စေလွှတ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။

Project ကာလ

၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်

အကြောင်းအရာ

ကျောင်းဆောင် (သို့) ဖိတ်ခေါ်အိမ်တွင်နေထိုင်ရင်း ဂျပန်နိုင်ငံရှိ အထက်တန်းကျောင်းပညာသင်ကြားရေး အတွေ့အကြုံတွေ ရယူခြင်း

ကုန်ကျစရိတ်

ဂျပန်နိုင်ငံ အစိုးရမှ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ထောက်ပံ့မှု

ဂျပန်နိုင်ငံ၊ AFS ရဲ့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွေမှာပါဝင်မယ့် ကျောင်းသားကျောင်းသူတွေကို ဂျပန်နိုင်ငံ အစီအစဉ်အရ နေထိုင်စဉ် ကူညီထောက်ပံ့ခြင်း ပြုလုပ်ပြီး ရွေးချယ်ပို့ဆောင်မယ့် သက်ဆိုင်ရာ နိုင်ငံတွေကနေ AFS အဖွဲ့အစည်းတွေ၊ (သို့) NGOs အဖွဲ့ အစည်းတွေက AFS ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ညွှန်းကြားမှုတွေနဲ့ အစီအစဉ် မစတင်မီ တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။

လျှောက်ထားသူများ

အသက် ၁၅ နှစ် မှ ၁၈ နှစ် အတွင်း၊ ၂၀၀၂ ခုနှစ် ဧပြီလ ၂ ရက်နေ့ နောက်ပိုင်းနှင့် ၂၀၀၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မတိုင်ခင် မွေးဖွားသူများ

– မြန်မာနိုင်ငံသား
– နောက်ဆုံးဖြေဆိုခဲ့သော စာမေးပွဲတွင် ဘာသာရပ်တိုင်း အနည်းဆုံး ရမှတ် ၆၀ ရာခိုင်နှုန်းရှိသူ
– ဂျပန်ဘာသာကို လေ့လာသင်ယူနေသူ
– အစီအစဉ်ကာလအတွင်း နဲ့ အစီအစဉ် ပြီးဆုံးချိန်မှာမြန်မာ နိုင်ငံနှင့် ဂျပန်နိုင်ငံအား ပေါင်းကူးဆက်သွယ်မှုအတွက် စိတ်အား ထက်သန်စွာဖြင့် ဦးစီးလုပ်ဆောင်နိုင်သူ
– ယခုအစီအစဉ်တွင် ယခင်က မပါဝင်ဖူးသူ

ရွေးချယ်ခံရပါက MAJA အသင်းမှလိုအပ်တဲ့ သင်ကြားလေ့ကျင့်မှုတွေကို ပြုလပ်ပေးမှာဖြစ်ပြီး အဆိုပါကာလအတွင်း စည်းကမ်းလိုက်နာ ရန်ပျက်ကွက်ပါက ရွေးချယ်စေလွှတ်မှုကို ပယ်ဖျက်ခံရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိ MAJA ရုံးခန်းတွင်လည်းကောင်း၊ http://tiny.cc/v6n4ez မှာလည်းကောင်း ရယူလျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာနဲ့အတူ ပညာအရည်အချင်း အထောက်အထားနှင့်တကွ အမှတ်စာရင်း၊ ဓာတ်ပုံ ၁ ပုံ ( 3 cm x 4 cm)၊ Passport Copy တွေကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

-သန္တာ