ဂျပန်နိုင်ငံက Gundam စက်ရုပ် အဆင်သင့်ဖြစ်နေ

နည်းပညာကတော့ လူသားတွေကို ဆက်လက်အံ့အားသင့်အောင် ပြုလုပ်နေပါတယ်။ ဂျပန်နိုင်ငံဟာ Gundam တီဗီစီးရီးက စက်ရုပ်အရွယ်အစား အတိုင်း တည်ဆောက်နေတာ အချိန်အတိုင်းအတာ တစ်ခု ရှိပါပြီ။

Gundam စက်ရုပ်အမြင့်က ၁၈ မီတာ ရှိပြီး အလေးချိန်က ၂၅ တန် ရှိပါတယ်။ Gundam စီးရီးဆိုတာ ဂျပန်မှာ Star Wars လိုမျိုး အရှိန်အဝါ ရှိပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေမှာ ထွက်ရှိခဲ့ပါတယ်။ယိုကိုဟားမားမြို့တော်မှာ Gundam Factory ကုမ္ပဏီက ဖန်တီးနေတဲ့ စက်ရုပ်ဟာ တီဗီစီးရီးကလိုမျိုး လမ်းလျှောက်ပြီး ကိုယ်ဟန်အမူအရာမျိုးစုံ လှုပ်ရှားနိုင်ပါတယ်။ စက်ရုပ်ကို တည်ဆောက်မှုက ၆ နှစ် ကြာမြင့်ပါတယ်။ စက်ရုပ်မှာ စတီး၊ ကာဗွန်ဖိုက်ဘာနဲ့ ပလတ်စတစ် လှုပ်ရှားနိုင်တဲ့ အစိတ်အပိုင်း အခု ၂၀ ပါဝင်ပါတယ်။

စက်ရုပ်တည်ဆောက်မှု လုပ်ငန်းစဉ်နဲ့ အတွင်းပိုင်းပုံစံနဲ့ နည်းပညာ သတင်းအချက်အလက်ကို သိနိုင်ဖို့ ပြပွဲခန်းမ ရှိပါတယ်။ ဒါ့အပြင် စက်ရုပ်နည်းပညာကိုလည်း augmented reality နည်းပညာနဲ့ ကြည့်နိုင်သလို စက်ရုပ်ကို ထိန်းချုပ်မှုကိုလည်း အသွင်တူ ဖန်တီးပေးထားပါတယ်။ လူတွေက စက်ရုပ်ကို ဒီဇင်ဘာ ၁၀ ရက်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဝင်ကြေးကတော့ ယန်း ၁,၆၅၀ နဲ့ ၃,၀၀၀ အကြား ကျသင့်နိုင်ပါတယ်။

အနာဂတ် ကပ်ရောဂါအပြီး စက်ရုပ်ရှိရာ ယိုကိုဟားမားမြို့က တိုကျိုနဲ့လည်း နီးတဲ့အတွက် လူအများ ဝင်ရောက်ကြည့်ရှုရာ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

-စိုးထက်
Ref: Entrepreneur

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««