ဂျပန်နိုင်ငံက အရှည် ပေ ၆၀ ရှိတဲ့ Gundam စက်ရုပ်

ဂျပန်နိုင်ငံ တိုကျိုတောင်ပိုင်း ယိုကိုဟားမားမြို့က Gundam စက်ရုံက RX-78 စက်ရုပ်ပုံတူကို တည်ဆောက်ခဲ့ပါတယ်။ RX-78 စက်ရုပ် အရှည်က ပေ ၆၀ ရှိပြီး ၂၅ တန်ရှိပါတယ်။ စက်ရုပ်က ဒူးကွေးတာ၊ လက်ချောင်းတွေလှုပ်ပြီး ကောင်းကင်ကို လက်ညှိုးထိုးပြတာ စတဲ့ လှုပ်ရှားမှုအမျိုးမျိုးကို လုပ်နိုင်ပါတယ်။

ဒါ့အပြင် RX-78 ဟာ ခေါင်းကိုလှည့်ပြီး ပရိသတ်နဲ့ မျက်လုံးချင်းဆိုင်နိုင်ပါတယ်။ Gundam စက်ရုံဟာ အောက်တိုဘာလအတွင်း အပန်းဖြေကစားကွင်း တစ်ခုကို ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း COVID-19 ကပ်ရောဂါကြောင့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

အဲဒီအချိန်အတွင်း RX-18 စက်ရုံကို ယိုကိုဟားမားဆိပ်ကမ်းမှာ တစ်နှစ်ကြာ ထားရှိပြသသွားမှာပါ။

-စိုးထက်
Ref: Complex

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««