ဂ်ပန္ အျပည္ျပည္ဆိုင္ရာကာတြန္းၿပိဳင္ပြဲအတြက္ ၿပိဳင္ပြဲဝင္ကာတြန္းမ်ားစတင္ေခၚယူ

[ Zawgyi ]

ဂ်ပန္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ ဂ်ပန္ေဖာင္ေဒးရွင္းတို႔ ႀကီးမွဴးၿပီး (၁၃) ႀကိမ္ေျမာက္ ဂ်ပန္ အျပည္ျပည္ ဆိုင္ရာ ကာတြန္းၿပိဳင္ပြဲအတြက္ ၿပိဳင္ပြဲဝင္ကာတြန္းမ်ား စတင္ ေခၚယူေနၿပီျဖစ္ပါတယ္။

ၿပိဳင္ပြဲဝင္ကာတြန္းေလွ်ာက္လႊာမ်ားကို ဇြန္ ၁၄ ရက္အထိ လက္ခံေပးသြားမွာျဖစ္ပါတယ္။ ေလွ်ာက္လႊာမ်ားကို ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ံုး သို႔မဟုတ္ ဂ်ပန္ အျပည္ျပည္ဆိုင္ရာကာတြန္းၿပိဳင္ပြဲ ဆိုင္ရာ စာတိုက္ေသတၱာသို႔ တိုက္႐ိုက္ေပးပို႔ရမွာျဖစ္ပါတယ္။ ေလွ်ာက္ထားတဲ့ လက္ရာမ်ားအနက္ အထူးခၽြန္ဆံုးကာတြန္း လက္ ရာ ၁ ခု အတြက္ “ဂ်ပန္အျပည္ျပည္ဆိုင္ရာ ကာတြန္းၿပိဳင္ပြဲ၏ အထူးခၽြန္ဆံုးဆု” အျဖစ္လည္းေကာင္း၊ အျခား အေကာင္းဆံုး လက္ရာ ၃ ခုအတြက္ “ဂ်ပန္အျပည္ျပည္ဆိုင္ရာ ကာတြန္းၿပိဳင္ပြဲ၏ အေကာင္းဆံုးဆု” အေနနဲ႔ အသီးသီး ခ်ီးျမႇင့္ေပးအပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ႏိုင္ငံရပ္ျခားအႏွံ႔အျပားသို႔ ကာတြန္းယဥ္ေက်းမႈ ျပန္႔ပြားေစရန္နဲ႔ ကာတြန္းမွ တစ္ဆင့္ ႏိုင္ငံတကာယဥ္ေက်းမႈ ႏွီးေႏွာဖလွယ္ႏိုင္ေရးအတြက္ အေထာက္အကူျပဳခဲ့ေသာ ကာတြန္းပညာရွင္ဆုမ်ား ခ်ီးျမႇင့္ေပးရန္ ရည္ရြယ္ၿပီး ႏွစ္စဥ္က်င္းပခဲ့ျခင္း ျဖစ္ပါတယ္။ ေလွ်ာက္ထားလိုသူေတြအေနနဲ႔ အေသးစိတ္သိရွိ လိုပါက https://www.manga-award.mofa.go.jp/ ကို၀င္ေရာက္ေလ့လာႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဂျပန်ဖောင်ဒေးရှင်းတို့ ကြီးမှူးပြီး (၁၃) ကြိမ်မြောက် ဂျပန် အပြည်ပြည် ဆိုင်ရာ ကာတွန်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကာတွန်းများ စတင် ခေါ်ယူနေပြီဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ကာတွန်းလျှောက်လွှာများကို ဇွန် ၁၄ ရက်အထိ လက်ခံပေးသွားမှာဖြစ်ပါတယ်။ လျှောက်လွှာများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သို့မဟုတ် ဂျပန် အပြည်ပြည်ဆိုင်ရာကာတွန်းပြိုင်ပွဲ ဆိုင်ရာ စာတိုက်သေတ္တာသို့ တိုက်ရိုက်ပေးပို့ရမှာဖြစ်ပါတယ်။ လျှောက်ထားတဲ့ လက်ရာများအနက် အထူးချွန်ဆုံးကာတွန်း လက် ရာ ၁ ခု အတွက် “ဂျပန်အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲ၏ အထူးချွန်ဆုံးဆု” အဖြစ်လည်းကောင်း၊ အခြား အကောင်းဆုံး လက်ရာ ၃ ခုအတွက် “ဂျပန်အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲ၏ အကောင်းဆုံးဆု” အနေနဲ့ အသီးသီး ချီးမြှင့်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရပ်ခြားအနှံ့အပြားသို့ ကာတွန်းယဉ်ကျေးမှု ပြန့်ပွားစေရန်နဲ့ ကာတွန်းမှ တစ်ဆင့် နိုင်ငံတကာယဉ်ကျေးမှု နှီးနှောဖလှယ်နိုင်ရေးအတွက် အထောက်အကူပြုခဲ့သော ကာတွန်းပညာရှင်ဆုများ ချီးမြှင့်ပေးရန် ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ အသေးစိတ်သိရှိ လိုပါက https://www.manga-award.mofa.go.jp/ ကိုဝင်ရောက်လေ့လာနိုင်ပါတယ်။