ဂ်ပန္ႏုိင္ငံေလ့လာေရး အစီအစဥ္ ၂၀၁၈ အတြက္ အဆုိျပဳလႊာမ်ားေခၚယူ

[ Zawgyi ]

ျမန္မာ-ဂ်ပန္အသင္း (MJA) ရဲ႕ ပညာရည္ထူးခၽြန္ဆုနဲ႔ ဂ်ပန္ႏုိင္ငံ ေလ့လာေရးအစီအစဥ္ ၂၀၁၈ အတြက္ အဆုိျပဳလႊာ ေခၚယူလွ်က္ရွိပါတယ္။

တကၠသိုလ္ဝင္စာေမးပြဲမွာ ထူးခၽြန္စြာေအာင္ျမင္ခဲ့ၾကတဲ့ ေက်ာင္းသူတစ္ခ်ိဳ႕နဲ႔ ႏုိင္ငံျခားဘာသာတကၠသိုလ္ (ရန္ကုန္၊ မႏၱေလး) တုိ႔က ဂ်ပန္ဘာသာ အဓိကသင္ၾကားေနသူေတြထဲမွ ထူးခၽြန္ေက်ာင္းသားေက်ာင္းသူ အခ်ိဳ႕ကို ေရြးခ်ယ္ေပါင္းစပ္ဖြဲ႕စည္းကာ ဂ်ပန္ႏုိင္ငံသို႔ ေလ့လာေရးခရီးစဥ္ ကို ၂၀၁၈ ခုႏွစ္ ေအာက္တုိဘာလမွာ ေစလႊတ္သြားမွာျဖစ္ပါတယ္။

အဆိုျပဳလႊာကို ၂၀၁၈ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲမွာ တစ္ႏုိင္ငံလံုးမွာ အမွတ္အမ်ားဆံုးရရွိသူ သိပၸံဘာသာတြဲမွ ၁၀ ဦး၊ ဝိပၸံ၊ ဝိဇၨာဘာသာတြဲမွ ၁၀ ဦး၊ ျပည္နယ္ႏွင့္ တုိင္းေဒသႀကီးမ်ားအလုိက္ (ေနျပည္ေတာ္ေကာင္စီနယ္ေျမ အပါအဝင္) အမွတ္အမ်ားဆံုးရရွိသူ ငါးဦးစီ ေပါင္း ၇၅ ဦး၊ ႏုိင္ငံျခားဘာသာတကၠသိုလ္ (ရန္ကုန္ YUFL ႏွင့္ မႏၱေလး MUFL ) ဂ်ပန္ဘာသာ တတိယႏွစ္ အတန္းေတြမွ ပဏာမအဆင့္ ေရြးခ်ယ္မႈတြင္ ေအာင္ျမင္သူ ၂၅ ဦးစီ ေပါင္းအေယာက္ ၅၀ တို႔က တင္သြင္းခြင့္ရရွိမွာ ျဖစ္ပါတယ္။

အဆိုျပဳလႊာေတြကို ျမန္မာ-ဂ်ပန္အသင္း႐ံုး၊ Shwe Zabu River View Complex, 23G-1, No 3B, Tower A & C ပထမထပ္၊ ကမ္းနားလမ္း၊ အလံုၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ကုိ ဆက္သြယ္ကာ အခမဲ့ ထုတ္ယူႏုိင္ၿပီး ဇူလုိင္လ ၂၇ ရက္ေနာက္ဆံုးထား ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ အေသးစိတ္သိရွိလုိပါက ေဒါက္တာေဌးလြင္၊ အတြင္းေရးမွဴး (၀၉-၂၆၂၇၇၂၇၀၅) ႏွင့္ ဦးေန၀င္းထက္၊ ႐ံုးအဖြဲ႕မွဴး (၀၉-၄၂၁၁၆၂၃၃၁) ကို ဆက္သြယ္ေမးျမန္း စံုစမ္းႏုိင္မွာျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

မြန်မာ-ဂျပန်အသင်း (MJA) ရဲ့ ပညာရည်ထူးချွန်ဆုနဲ့ ဂျပန်နိုင်ငံ လေ့လာရေးအစီအစဉ် ၂၀၁၈ အတွက် အဆိုပြုလွှာ ခေါ်ယူလျှက်ရှိပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ ကျောင်းသူတစ်ချို့နဲ့ နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့က ဂျပန်ဘာသာ အဓိကသင်ကြားနေသူတွေထဲမှ ထူးချွန်ကျောင်းသားကျောင်းသူ အချို့ကို ရွေးချယ်ပေါင်းစပ်ဖွဲ့စည်းကာ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ စေလွှတ်သွားမှာဖြစ်ပါတယ်။

အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရရှိသူ သိပ္ပံဘာသာတွဲမှ ၁၀ ဦး၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲမှ ၁၀ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် (နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်) အမှတ်အများဆုံးရရှိသူ ငါးဦးစီ ပေါင်း ရ၅ ဦး၊ နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန် YUFL နှင့် မန္တလေး MUFL ) ဂျပန်ဘာသာ တတိယနှစ် အတန်းတွေမှ ပဏာမအဆင့် ရွေးချယ်မှုတွင် အောင်မြင်သူ ၂၅ ဦးစီ ပေါင်းအယောက် ၅၀ တို့က တင်သွင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

အဆိုပြုလွှာတွေကို မြန်မာ-ဂျပန်အသင်းရုံး၊ Shwe Zabu River View Complex, 23G-1, No 3B, Tower A & C ပထမထပ်၊ ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ကို ဆက်သွယ်ကာ အခမဲ့ ထုတ်ယူနိုင်ပြီး ဇူလိုင်လ ၂၇ ရက်နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဒေါက်တာဌေးလွင်၊ အတွင်းရေးမှူး (၀၉-၂၆၂၇၇၂၇၀၅) နှင့် ဦးနေဝင်းထက်၊ ရုံးအဖွဲ့မှူး (၀၉-၄၂၁၁၆၂၃၃၁) ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ