ဂ်ပန္ႏိုင္ငံ JDS ၏ Master of Business Administration (MBA) ဘာသာရပ္အလိုက္ ပညာသင္ဆုေလွ်ာက္ထားႏိုင္

[ Zawgyi ]

၂၀၁၈ အစီအစဥ္အရ ဂ်ပန္ႏိုင္ငံရွိ The Project for Human Resource Development Scholarship (JDS) in Myanmar မွ Master of Business Administration (MBA) ဘာသာရပ္အလိုက္ ပညာသင္ဆုမ်ား ေလွ်ာက္ထားႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ပညာသင္ဆုေပးအပ္မယ့္ ဘာသာရပ္ေတြကေတာ့ Economic/Business Administration, Master of Business Administration နဲ႔ Information and Communication Technology (ICT) ဆိုၿပီး ခြဲျခားေလွ်ာက္ထားႏိုင္သလို ပညာသင္ဆုရရွိသူေတြအေနနဲ႔ International University of Japan (IUJ) နဲ႔ Ritsumeikan Asia Pacific University (APU) မ်ားမွာ တက္ေရာက္သင္ၾကား ရမွာျဖစ္ၿပီး ကုန္က်စရိတ္ေတြကို ဂ်ပန္ႏိုင္ငံအစိုးရမွ က်ခံေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ပညာသင္ဆုမ်ားကုိ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဝန္ထမ္းမ်ား၊ ညီေနာင္အသင္းမ်ား၊ ျပည္နယ္/ တိုင္း၊ နယ္စပ္ကုန္သည္အသင္းမ်ားမွ အမႈေဆာင္မ်ား (သို႔) ဝန္ထမ္းမ်ားနဲ႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ အသင္းဝင္ ကုမၸဏီမ်ားရဲ႕ အဖြဲ႕ဝင္မ်ား (သို႔) ဝန္ထမ္းမ်ားအေနနဲ႔ သတ္မွတ္အရည္အခ်င္းေတြနဲ႔ ကိုက္ညီသူမ်ား ေလွ်ာက္ထားႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ လိုအပ္တဲ့ သတ္မွတ္အရည္အခ်င္း စာ႐ြက္စာတမ္းမ်ား မိတၱဴ (၂) စံုနဲ႔တကြ ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။

ပညာသင္ဆုမ်ားကို ၾသဂုတ္လ ၂၂ ရက္ ေနာက္ဆံုးထားကာ ကုန္သည္စက္မႈအသင္းခ်ဳပ္၊ HRD ဌာနသို႔ ကိုယ္တိုင္ေလွ်ာက္ထား ႏိုင္သလို ဒီေနရာမွာလည္း ဝင္ေရာက္ၾကည့္႐ႈႏိုင္ပါတယ္။ အေသးစိတ္သိရွိလိုပါက ကုန္သည္စက္မႈအသင္းခ်ဳပ္၊ HRD ဌာန၊ ဖုန္း ၀၁-၂၃၁၄၃၄၄ – ၄၉၊ လိုင္းခြဲ ၁၃၃၊၁၃၄ ကုိ ေမးျမန္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

၂၀၁၈ အစီအစဉ်အရ ဂျပန်နိုင်ငံရှိ The Project for Human Resource Development Scholarship (JDS) in Myanmar မှ Master of Business Administration (MBA) ဘာသာရပ်အလိုက် ပညာသင်ဆုများ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆုပေးအပ်မယ့် ဘာသာရပ်တွေကတော့ Economic/Business Administration, Master of Business Administration နဲ့ Information and Communication Technology (ICT) ဆိုပြီး ခွဲခြားလျှောက်ထားနိုင်သလို ပညာသင်ဆုရရှိသူတွေအနေနဲ့ International University of Japan (IUJ) နဲ့ Ritsumeikan Asia Pacific University (APU) များမှာ တက်ရောက်သင်ကြား ရမှာဖြစ်ပြီး ကုန်ကျစရိတ်တွေကို ဂျပန်နိုင်ငံအစိုးရမှ ကျခံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆုများကို ကုန်သည်စက်မှုအသင်းချုပ် ဝန်ထမ်းများ၊ ညီနောင်အသင်းများ၊ ပြည်နယ်/ တိုင်း၊ နယ်စပ်ကုန်သည်အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများနဲ့ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင် ကုမ္ပဏီများရဲ့ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများအနေနဲ့ သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်ညီသူများ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ လိုအပ်တဲ့ သတ်မှတ်အရည်အချင်း စာရွက်စာတမ်းများ မိတ္တူ (၂) စုံနဲ့တကွ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ပညာသင်ဆုများကို သြဂုတ်လ ၂၂ ရက် နောက်ဆုံးထားကာ ကုန်သည်စက်မှုအသင်းချုပ်၊ HRD ဌာနသို့ ကိုယ်တိုင်လျှောက်ထား နိုင်သလို ဒီနေရာမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက ကုန်သည်စက်မှုအသင်းချုပ်၊ HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄ – ၄၉၊ လိုင်းခွဲ ၁၃၃၊၁၃၄ ကို မေးမြန်းနိုင်ပါတယ်။