ဂ်ပန္မွာ ကားပ်ံ ပထမဆုံးအႀကိမ္ စမ္းသပ္မႈ ေအာင္ျမင္ခဲ့

[ Zawgyi ]

ဂ်ပန္အီလက္ထေရာနစ္ကုမၸဏီ NEC ဟာဒ႐ုန္းပုံစံမ်ိဳး ေရွ႕ေျပးပုံစံယာဥ္တစ္မ်ိဳးကုိ ဂ်ပန္ႏိုင္ငံ ေအဘီကုိၿမိဳ႕အတြင္းက အေဆာက္အအုံတစ္ခုမွာ စမ္းသပ္ခဲ့ပါတယ္။

အဲဒီယာဥ္ဟာ ေျမျပင္အထက္ ၃မီတာ (၁၀ေပ)မွာ တစ္မိနစ္ေလာက္ပ်ံသန္းေနပါတယ္။ ယာဥ္ေပၚမွာ စီးနင္းသူမပါသလို ဘက္ထရီနဲ႔ ေထာက္ပံ့မႈေပးထားတယ္လို႔ Bloomberg ကေဖာ္ျပခဲ့ပါတယ္။ NEC အင္ဂ်င္နီယာေတြဟာ ယာဥ္ကုိ ၁ႏွစ္ေလာက္ တုိးတက္ေအာင္ ေဆာင္ရြက္ခဲ့ၿပီး အေလးခ်ိန္ ၁၅၀ကီလိုဂရမ္ (၃၃၁ေပါင္)နဲ႔ အရွည္က ၃.၈မီတာ (၁၂.၇ေပ) ရွိပါတယ္။
အခုယာဥ္ကုိ ကားပ်ံလို႔ေခၚေပမယ့္ လမ္းေပၚကေန ေမာင္းႏွင္ၿပီး ပ်ံသန္းရတဲ့ ယာဥ္တစ္မ်ိဳးမဟုတ္ပါဘူး။ အရြယ္ႀကီးမားတဲ့ ဒ႐ုန္းျဖစ္ၿပီး ဒလက္ ၄ခုပါဝင္ၿပီး လူေတြကုိ သယ္ေဆာင္ႏိုင္ပါတယ္။

ဂ်ပန္အစုိးရအေနနဲ႔ ဟယ္လီေကာ္ပတာေလာက္မႀကီးမားတဲ့ ကားပ်ံေတြ ထုတ္လုပ္တဲ့ေနရာမွာ ဦးေဆာင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ၂၀၂၃ခုႏွစ္အေရာက္္မွာ ကားပ်ံေတြကုိ ထုတ္လုပ္ေရာင္းခ်ဖို႔ စီစဥ္ထားတယ္လုိ႔ အစိုးရလမ္းျပေျမပုံမွာ ေဖာ္ျပထားပါတယ္။ ၂၀၃၀ခုႏွစ္မွာ လူဦးေရသိပ္သည္းတဲ့ ၿမိဳ႕ေတြမွာ ကားပ်ံေတြကုိ လူေတြ စီးနင္းလာႏိုင္မယ္လို႔ စာရြက္စာတမ္းမွာ ေဖာ္ျပထားပါတယ္။

စိုးထက္
Ref: TechnologyReview

[ Unicode ]

ဂျပန်အီလက်ထရောနစ်ကုမ္ပဏီ NEC ဟာဒရုန်းပုံစံမျိုး ရှေ့ပြေးပုံစံယာဉ်တစ်မျိုးကို ဂျပန်နိုင်ငံ အေဘီကိုမြို့အတွင်းက အဆောက်အအုံတစ်ခုမှာစမ်းသပ်ခဲ့ပါတယ်။

အဲဒီယာဉ်ဟာ မြေပြင်အထက် ၃မီတာ (၁၀ပေ)မှာ တစ်မိနစ်လောက်ပျံသန်းနေပါတယ်။ ယာဉ်ပေါ်မှာ စီးနင်းသူမပါသလို ဘက်ထရီနဲ့ ထောက်ပံ့မှုပေးထားတယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ NEC အင်ဂျင်နီယာတွေဟာ ယာဉ်ကို ၁နှစ်လောက် တိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး အလေးချိန် ၁၅၀ကီလိုဂရမ် (၃၃၁ပေါင်)နဲ့ အရှည်က ၃.၈မီတာ (၁၂.၇ပေ) ရှိပါတယ်။
အခုယာဉ်ကို ကားပျံလို့ခေါ်ပေမယ့် လမ်းပေါ်ကနေ မောင်းနှင်ပြီး ပျံသန်းရတဲ့ ယာဉ်တစ်မျိုးမဟုတ်ပါဘူး။ အရွယ်ကြီးမားတဲ့ ဒရုန်းဖြစ်ပြီး ဒလက် ၄ခုပါဝင်ပြီး လူတွေကို သယ်ဆောင်နိုင်ပါတယ်။

ဂျပန်အစိုးရအနေနဲ့ ဟယ်လီကော်ပတာလောက်မကြီးမားတဲ့ ကားပျံတွေ ထုတ်လုပ်တဲ့နေရာမှာ ဦးဆောင်ဖို့ မျှော်လင့်နေပါတယ်။ ၂၀၂၃ခုနှစ်အရောက််မှာ ကားပျံတွေကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားတယ်လို့ အစိုးရလမ်းပြမြေပုံမှာ ဖော်ပြထားပါတယ်။ ၂၀၃၀ခုနှစ်မှာ လူဦးရေသိပ်သည်းတဲ့ မြို့တွေမှာ ကားပျံတွေကို လူတွေ စီးနင်းလာနိုင်မယ်လို့ စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။

Ref: TechnologyReview