ဂျပန်မှာ ဒရုန်းနဲ့ ပစ္စည်းပို့ဖို့ ပြင်ဆင်နေတဲ့ Rakuten

ဂျပန်အွန်လိုင်းရှော့ပင်း ကုမ္ပဏီကြီး Rakuten ဟာ အမေရိကန် startup ကုမ္ပဏီ AirMap နဲ့ ပူးပေါင်းပြီး ဒရုန်းများအတွက် traffic managment system တစ်ခု ဖန်တီးမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ဒီအစီအစဉ်ဟာ Rakuten ရဲ့ ဂျပန်မှာ ဒရုန်းနဲ့ ကုန်ပစ္စည်းပေးပို့မယ့် ရည်မှန်းချက် အကောင်အထည်ပေါ်ဖို့ ခြေတစ်လှမ်း တိုးလာတာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံတန် ကုမ္ပဏီဟာ ဒရုန်းနဲ့ ကုန်ပစ္စည်းပေးပို့မယ့် Sora Raku ဝန်ဆောင်မှုကို ၂၀၁၆ ဧပြီလမှာ စမ်းသပ်ခဲ့ပါတယ်။

AirMap ရဲ့ လေကြောင်း ထိန်းချုပ်မှုစနစ်ဟာ မိုးပျံကားတွေ အပါအဝင် မောင်းသူမဲ့ ယာဉ်တွေကို အမြင့်ပေနိမ့်နိမ့် ပျံသန်းရာမှာ ဘေးကင်းစေဖို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ သိရပါတယ်။

Ref: TechInAsia