ဂီတအနုပညာ ချစ်မြတ်နိုးသူများ အတွက် တေးသံသာ Data Pack ကို မိတ်ဆက်

တေးသံသာ ဂီတဝန်ဆောင်မှု မှတစ်ဆင့် မြန်မာတေးသီချင်း ချစ်မြတ်နိုးသူတွေ အတွက် မိမိကြိုက်နှစ်သက်ရာ အဆိုတော်တွေရဲ့ Exclusive သီချင်းအသစ်တွေနဲ့ ထင်ပေါ်ကျော်ကြားတဲ့ မြန်မာတေးသီချင်းတွေကို နားဆင်ခံစားနိုင်မယ့် အထူးဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ တေးသံသာ Data Pack ကို MPT မှ မိတ်ဆက်လိုက်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ USSD သို့မဟုတ် MPT4U App ကို အသုံးပြုပြီး တေးသံသာ Data Pack ကို လွယ်ကူစွာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ၇ ရက် Data Pack (375 MB) ကို ၄၉၉ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး တေးသံသာရှိ Premium တေးသီချင်းတွေကို ၇ ရက် နားဆင်နိုင်မှာဖြစ်ပါတယ်​။ ရက် ၃၀ Data Pack (560 MB)ကို ၈၉၉ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး တေးသံသာရှိ Premium တေးသီချင်းတွေကို ရက် ၃၀ နားဆင်နိုင်မှာဖြစ်ပါတယ်။

ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/mptofficialpage/ (သို့မဟုတ်) MPT ရဲ့ တရားဝင် ဝက်ဘ်ဆိုက် https://www.mpt.com.mm/mm/tay-than-thar-data-pack-v-mm/ သို့ ဝင်ရောက်ကြည့်ရှုနိုင်တဲ့အပြင် တေးသံသာ ဖေ့စ်ဘွတ်ခ်စာမျက်နှာ သို့မဟုတ် ဖုန်း – ၀၉၈၉၃၈၉၄၈၉၅ ကို ၂၄ နာရီ ၇ ရက် ပတ်လုံး ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာကတစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««