ဂီတဗီဒီယိုတွေကို Facebook ထည့်သွင်း

Facebook ဟာ Sony Music, Universal Music Group နဲ့ Warner Music Group အပါအဝင် ဂီတကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး အမေရိကန်အတွင်း ဝန်ဆောင်မှုအတွက် တရားဝင် ဂီတဗီဒီယိုတွေ ထည့်သွင်းလိုက်ပါတယ်။

အဲဒီ ဗီဒီယိုတွေကို Facebook Watch နဲ့ အဆိုတော်စာမျက်နှာ ကတစ်ဆင့် ကြည့်နိုင်ပါတယ်။ Facebook ပေါ်က အခြားဗီဒီယိုတွေလိုပဲ ဝေမျှတာ၊ react နဲ့ မှတ်ချက်ပြုနိုင်ပါတယ်။ Facebook အတွက်ကြီးမားတဲ့ အရွေ့တစ်ခု ဖြစ်ပါတယ်။ အရင်တုန်းက အမေရိကန်ဂီတကုမ္ပဏီတွေက အဆိုတော်တွေရဲ့ ဂီတဗီဒီယို အတိုလေး ဒါမှမဟုတ် အသံကိုပဲဝေမျှနိုင်ပါတယ်။ အခုလို အခြေအနေကြောင့် Facebook ဟာ YouTube လွှမ်းမိုးထားတဲ့ ဈေးကွက်ကိုဝင်ရောက်လာပါတယ်။ ဂီတဗီဒီယိုတွေဟာ Youtube ပေါ်က လူကြည့်အများဆုံး အရာတွေထဲက တစ်ခုဖြစ်ပါတယ်။

-စိုးထက်
Ref: TheVerge