ဂိမ်းအသားပေး Apple TV ထွက်ရှိမယ်

အသစ်ထွက်ရှိမယ့် Apple TV နဲ့ပတ်သက်တဲ့ သတင်းတွေက ထွက်နေပါတယ်။ Apple ဟာ အဆင့်မြှင့်တင်ထားတဲ့ ရီမုနဲ့ အပြောင်းအလဲလုပ်ထားတဲ့ Apple TV ကို ၂၀၂၁ ခုနှစ်မှာ ဖြန့်မယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

Apple TV အသစ်မှာ အဆင့်မြှင့်တင်ထားတဲ့ ရီမု၊ ပရိုဆက်ဆာတို့ ပါဝင်ပြီး ဂိမ်းအသားပေးလာနိုင်မယ်လို့ သိရပါတယ်။ Bloomberg ကဖော်ပြဖူးတဲ့ သတင်းတစ်ခုမှာ Apple TV ရီမုအသစ်မှာ Find My application ပေါင်းစပ်မှု ပါဝင်လာမယ်လို့ ရေးသားခဲ့ပါတယ်။ အဲဒီ application ကတော့ ပျောက်နေတဲ့ iPhone ဒါမှမဟုတ် iPad ကိုခြေရာခံနိုင်ပါမယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း Siri Remote ထုတ်လုပ်ခဲ့ပါသေးတယ်။ ၂၀၂၁ Apple TV မော်ဒယ်အတွက် အပြောင်းအလဲတွေကို စောင့်ကြည့်ရပါမယ်။

Apple ဟာ Apple TV မော်ဒယ်မှာ A14 ပရိုဆက်ဆာနဲ့ စမ်းသပ်နေတယ်လို့ သတင်းတွေ ဖော်ပြနေကြပါတယ်။ Apple TV မှာ အခြား Apple TV မှာမပါဝင်တဲ့ သီးသန့် Apple Arcade ဂိမ်းတွေလည်း ပါဝင်လာနိုင်ပါတယ်။

-စိုးထက်
Ref: 9to5Mac

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««