ဂိမ်းတစ်ချို့ဖျက်သိမ်းပြီး Arcade နည်းဗျူဟာပြောင်းလဲလိုက်တဲ့ Apple

Apple ဟာ လစဉ်ကြေးပေးသွင်းရတဲ့ ဂိမ်းဝန်ဆောင်မှု Arcade မှာဖြန့်ချိဖို့စီစဉ်ထားတဲ့ ဂိမ်းတွေကို ဖျက်သိမ်းလိုက်ပါတယ်။ Apple အနေနဲ့ ကစားသူတွေ Arcade ကိုပြန်လည်ရောက်ရှိစေဖို့ ဂိမ်းအသစ်တွေ လိုအပ်တာကြောင့် အခုလိုအပြောင်းအလဲလုပ်ခဲ့ပါတယ်။

လူတွေ များများ ပြန်လာကစားစေမယ့် ဂိမ်းတွေကို ရှာဖွေဖို့ စာချုပ်ချုပ်ထားတဲ့ ဂိမ်း developer တစ်ချို့ကို Arcade အမှုဆောင်တစ်ဦးက ပြောခဲ့တယ်လို့ Bloomberg ကဖော်ပြထားပါတယ်။ Apple Arcade ကိုယ်စားလှယ်က Grindstone, Capybara Game’ charming, multilevel puzzler ဂိမ်းတွေလိုမျိုး လူကြိုက်များအောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

Bloomberg သတင်းအရ Apple ဟာ ဂိမ်းဆောင်ရွက်ရေးမှတ်တိုင်အတွက် စာချုပ်ဖျက်သိမ်းလိုက်တဲ့ ဂိမ်းစတူဒီယိုတွေကို ပိုက်ဆံပေးခဲ့ပြီး Apple လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိရင် အနာဂတ်မှာ လက်တွဲလုပ်ကိုင်မယ်လို့ ပြောခဲ့ပါတယ်။ Developer တစ်ချို့အနေနဲ့ စာချုပ်ဖျက်သိမ်းခံရမှုကြောင့် ဘဏ္ဍာရေးအခက်အခဲနဲ့ ကြုံရဖွယ်ရှိနေပါတယ်။ အဲဒီဂိမ်းတွေက Android ပေါ်က Google ရဲ့အလားတူ Play Pass ဝန်ဆောင်မှုလိုမျိုး အခြား platform မှာထွက်နိုင်ပေမယ့် မလုံလောက်နိုင်ပါဘူး။ Apple Arcade, Play Pass ပေါ်က ဂိမ်းတွေကို ကစားသူအရေအတွက် မက်ထရစ်စနစ်အခြေခံပြီး ပိုက်ဆံပေးချေပါတယ်။ Apple ကတော့ developer ဂိမ်းတွေနဲ့ အပြန်အလှန်အပေးအယူပြုလုပ်ပါတယ်။

-စိုးထက်
Ref: TheVerge