ဂိမ်းဈေးကွက်ထဲ ဝင်ရောက်လာတဲ့ Facebook

Facebook ကတော့ cloud gaming ဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။ Facebook က Amazon ဒါမှမဟုတ် Google လို သီးသန့် cloud gaming ဝန်ဆောင်မှု မိတ်ဆက်တာတော့ မဟုတ်ပါဘူး။ Facebook အဓိက app ထဲမှာ cloud ဂိမ်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့က အခမဲ့ ကစားနိုင်တဲ့ ဂိမ်းတွေ လုပ်နေပါတယ်။ ပြတ်တောက်မှု မရှိတဲ့ ဂိမ်းတွေကို ဖန်တီးနေပါတယ်။ ကျွန်တော်တို့က 60fps 4K ဂိမ်းတွေ ထုတ်မယ်လို့ ကတိမပေးနိုင်ပါဘူး။ အဲလိုဂိမ်းတွေ အတွက်ဆို တစ်လ ၆.၉၉ ဒေါ်လာ ကောက်ခံမှာပါ။ ဒါ့အပြင် ဂိမ်းခလုတ်လိုမျိုး ထုတ်ကုန်တွေလည်း ရောင်းမှာ မဟုတ်ဘူး” လို့ Facebook ဂိမ်းဒုဥက္ကဋ္ဌ ဂျေဆင်ရူဘင်က ပြောခဲ့ပါတယ်။

Facebook ဟာ ဂိမ်းအမျိုးအစား မျိုးစုံအတွက် cloud ကို စူးစမ်းသွားမယ်လို့ ဂျေဆင်ရူဘင်က ပြောခဲ့ပါတယ်။ Facebook ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဂိမ်းဈေးကွက်ထဲရောက်လာပြီး HTML5 မပြောင်းခင် Flash FarmVille နဲ့ စတင်ခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««