ဂိမ်မာတွေအတွက် G7 laptop သစ်ကို Dell မိတ်ဆက်

Dell ဟာ gaming ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းကို မိတ်ဆက်လိုက်ပါတယ်။ Dell မိတ်ဆက်တဲ့အထဲမှာ RGB keyboard, မျက်နှာပြင်ကွေး မော်နီတာနဲ့ desktop တစ်လုံးတို့ ပါဝင်လာပါတယ်။ အထူးခြားဆုံးထုတ်ကုန်ကတော့ G7 အမည်ရ အလယ်အလတ်တန်းစား gaming latop တစ်လုံးဖြစ်ပါတယ်။ G7 ကို ၁၅ လက်မနဲ့ ၁၇ လက်မ မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပါတယ်။

Dell G7 ကအရင်ထွက်ရှိဖူးတဲ့ မော်ဒယ်နဲ့မတူဘဲ ဒီဇိုင်းသစ်ဖြစ်တယ်။ ပိုမိုပါးလွှာပြီး ရှေ့ဘက်မှာ ရောင်စုံ LED ပါဝင်ပြီး ဘေးဘောင်ကလည်း သေးငယ်ပါတယ်။ အလွန်ကြည့်ကောင်းတဲ့ laptop ဖြစ်ပြီး အရင်နှစ်မော်ဒယ်ထက် တိုးတက်လာပါတယ်။

Dell G7 laptop အတွင်းမှာ ဒဿမမြောက်မျိုးဆက် Intel CPU တွေကို i9 အထိ အဆင့်မြှင့်တင်ထားကာ Nvidia GeForce GPUs ကို G7 15 ပေါ်မှာ RTX 2070 Max-Q နဲ့ 2070 Super ပါဝင်လာပါတယ်။

မနှစ်ကထွက်ရှိခဲ့တဲ့ G7 လိုပဲ ဇုန် ၄ ခုပါဝင်တဲ့ RGB keyboard ပါဝင်လာပါတယ်။ ဒါ့အပြင် ဂိမ်းအတွက် macro key တစ်ခုပါဝင်ပြီး လိုအပ်ချက်များတဲ့ ဂိမ်းအတွက် စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ပန်ကာကို အားမြှင့်ပေးပါတယ်။
မျက်နှာပြင် ၁၇ လက်မအရွယ် G7 ကိုတော့ ဒေါ်လာ ၁,၄၂၉ နဲ့ စတင်ရောင်းချပါမယ်။ ၁၅ လက်မ G7 ကတော့ ဇွန် ၂၉ ရက်မှာ ထွက်ရှိမှာ ဖြစ်ပြီး ဒေါ်လာ ၁,၄၂၉ နဲ့ပဲ စတင်ရောင်းပါမယ်။

စိုးထက်
Ref: TheVerge