ဂိမ္းဝန္ေဆာင္မႈတစ္ခုနဲ႔ Xbox ဂိမ္းစက္သစ္ေတြကုိ ဖန္တီးေနတဲ့ Microsoft

[ Zawgyi ]

Microsoft ဟာ မၾကာေသးခင္က အျမည္းမိတ္ဆက္ခဲ့တဲ့ cloud ကေန ဂိမ္းကစားႏိုင္မယ့္ ဝန္ေဆာင္မႈကို ဒီကေန႔ E3 ျပပြဲမွာ တရားဝင္မိတ္ဆက္လုိက္ၿပီ ျဖစ္ပါတယ္။

ကုမၸဏီအေနနဲ႔ ဘယ္ထုတ္ကုန္နဲ႔မဆို အသုံးျပဳႏိုင္မယ့္ ဂိမ္းဝန္ေဆာင္မႈကို ႀကိဳးႀကိဳးစားစားတည္ေဆာက္ခဲ့တယ္လို႔ Microsoft ဂိမ္းအႀကီးအကဲ ဖီးလ္စပင္ဆာက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ရဲ႕ cloud အင္ဂ်င္နီယာေတြက ဘယ္လိုထုတ္ကုန္မ်ိဳးမွာမဆို console gaming ကစားႏိုင္ဖုိ႔ game streaming ကြန္ရက္ကုိ တည္ေဆာက္ခဲ့တယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ အဲဒီဝန္ေဆာင္မႈကို Xbox, PC နဲ႔ ဖုန္းေတြမွာ အသုံးျပဳႏိုင္မယ္လုိ႔ သိရပါတယ္။

ဝန္ေဆာင္မႈကို ျဖန္႔ခ်ိမယ့္ရက္ အတိအက်ကို စပင္ဆာက အတည္မျပဳခဲ့ပါဘူး။ ဒါေပမဲ့ ၃ ႏွစ္အတြင္း Xbox game streaming ဝန္ေဆာင္မႈကို ျဖန္႔ခ်ိမယ္လို႔ အရင္ကေျပာခဲ့ပါတယ္။

ကုမၸဏီမ်ားစြာဟာ game streaming ဝန္ေဆာင္မႈကိုဖန္တီးဖို႔ ႀကိဳးစားခဲ့သလို က်႐ႈံးခဲ့တဲ့အတြက္ ေအာင္ျမင္ေအာင္လုပ္ဖို႔ စိန္ေခၚမႈေတြရွိပါတယ္။ Sony ဟာ ဝယ္ယူခဲ့တဲ့ ဂိမ္း streaming ဝန္ေဆာင္မႈ OnLive ကိုပိတ္ပစ္ခဲ့ရၿပီး အရင္ကဝယ္ယူထားတဲ့ Gaikai ကလည္း PlayStation Now ဝန္ေဆာင္မႈ တစ္စိတ္တစ္ပိုင္း ျဖစ္လာပါတယ္။ Nvidia အေနနဲ႔လည္း PC ေတြအတြက္ ဂိမ္းေတြ stream လုပ္ၿပီးကစားႏိုင္ဖုိ႔ ျပဳလုပ္ခဲ့ေပးပါေသးတယ္။ ဒါေပမဲ့ အဲဒီဝန္ေဆာင္မႈအားလုံးဟာ latency ျပႆနာတခ်ိဳ႕ရွိတဲ့အတြက္ က်ယ္က်ယ္ျပန္႔ျပန္႔ အသုံးမျပဳႏိုင္ပါဘူး။

Microsoft အေနနဲ႔ Xbox ဂိမ္းစက္သစ္ေတြကို ဖန္တီးေနတယ္လို႔ စပင္က ထုတ္္ျပန္ခဲ့ပါတယ္။ Microsoft အဖြဲ႕ေတြအေနနဲ႔ Xbox ဂိမ္းစက္သစ္ေတြကို တည္ေဆာက္ဖို႔ ထဲထဲဝင္ဝင္ေလ့လာေနတယ္လုိ႔ စပင္ဆာကေျပာပါတယ္။ Microsoft ရဲ႕သုေတသနအဖြဲ႕ေတြကေတာ့ gaming အတြက္ artificial intelligence ကုိ လုပ္ကုိင္ေနပါတယ္။

“Microsoft သုေတသနက ကၽြမ္းက်င္သူေတြက gaming AI အနာဂတ္ကို ေဖာ္ေဆာင္ေနပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ႏွစ္သက္တဲ့ ဇာတ္ေကာင္ေတြဟာ ပုိမုိၾကြယ္ဝၿပီး အသက္ဝင္လာမွာပါ” လို႔ စပင္ဆာကရွင္းျပခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Microsoft ဟာ မကြာသေးခင်က အမြည်းမိတ်ဆက်ခဲ့တဲ့ cloud ကနေ ဂိမ်းကစားနိုင်မယ့် ဝန်ဆောင်မှုကို ဒီကနေ့ E3 ပြပွဲမှာ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ ဘယ်ထုတ်ကုန်နဲ့မဆို အသုံးပြုနိုင်မယ့် ဂိမ်းဝန်ဆောင်မှုကို ကြိုးကြိုးစားစားတည်ဆောက်ခဲ့တယ်လို့ Microsoft ဂိမ်းအကြီးအကဲ ဖီးလ်စပင်ဆာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ cloud အင်ဂျင်နီယာတွေက ဘယ်လိုထုတ်ကုန်မျိုးမှာမဆို console gaming ကစားနိုင်ဖို့ game streaming ကွန်ရက်ကို တည်ဆောက်ခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီဝန်ဆောင်မှုကို Xbox, PC နဲ့ ဖုန်းတွေမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဝန်ဆောင်မှုကို ဖြန့်ချိမယ့်ရက် အတိအကျကို စပင်ဆာက အတည်မပြုခဲ့ပါဘူး။ ဒါပေမဲ့ ၃ နှစ်အတွင်း Xbox game streaming ဝန်ဆောင်မှုကို ဖြန့်ချိမယ်လို့ အရင်ကပြောခဲ့ပါတယ်။

ကုမ္ပဏီများစွာဟာ game streaming ဝန်ဆောင်မှုကိုဖန်တီးဖို့ ကြိုးစားခဲ့သလို ကျရှုံးခဲ့တဲ့အတွက် အောင်မြင်အောင်လုပ်ဖို့ စိန်ခေါ်မှုတွေရှိပါတယ်။ Sony ဟာ ဝယ်ယူခဲ့တဲ့ ဂိမ်း streaming ဝန်ဆောင်မှု OnLive ကိုပိတ်ပစ်ခဲ့ရပြီး အရင်ကဝယ်ယူထားတဲ့ Gaikai ကလည်း PlayStation Now ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်း ဖြစ်လာပါတယ်။ Nvidia အနေနဲ့လည်း PC တွေအတွက် ဂိမ်းတွေ stream လုပ်ပြီးကစားနိုင်ဖို့ ပြုလုပ်ခဲ့ပေးပါသေးတယ်။ ဒါပေမဲ့ အဲဒီဝန်ဆောင်မှုအားလုံးဟာ latency ပြဿနာတချို့ရှိတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ပါဘူး။

Microsoft အနေနဲ့ Xbox ဂိမ်းစက်သစ်တွေကို ဖန်တီးနေတယ်လို့ စပင်က ထုတ််ပြန်ခဲ့ပါတယ်။ Microsoft အဖွဲ့တွေအနေနဲ့ Xbox ဂိမ်းစက်သစ်တွေကို တည်ဆောက်ဖို့ ထဲထဲဝင်ဝင်လေ့လာနေတယ်လို့ စပင်ဆာကပြောပါတယ်။ Microsoft ရဲ့သုတေသနအဖွဲ့တွေကတော့ gaming အတွက် artificial intelligence ကို လုပ်ကိုင်နေပါတယ်။

“Microsoft သုတေသနက ကျွမ်းကျင်သူတွေက gaming AI အနာဂတ်ကို ဖော်ဆောင်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့နှစ်သက်တဲ့ ဇာတ်ကောင်တွေဟာ ပိုမိုကြွယ်ဝပြီး အသက်ဝင်လာမှာပါ” လို့ စပင်ဆာကရှင်းပြခဲ့ပါတယ်။

စိုးထက်
Ref: TheVerge