ဂိမ္းကစားျခင္းေၾကာင့္ စာမဖတ္ျခင္း မဟုတ္ဘဲ စာမဖတ္ျခင္းေၾကာင့္သာဂိမ္းကစားျခင္းျဖစ္ဟုဆို

[Zawgyi]

ေက်ာင္းသားလူငယ္ေတြအေနနဲ႔ဂိမ္းကစားျခင္းေၾကာင့္ စာမဖတ္ျခင္း မဟုတ္ဘဲ စာမဖတ္ျခင္း ေၾကာင့္သာဂိမ္းကစားျခင္းျဖစ္တယ္လို႔ ႏို္င္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာပါတယ္။

မႏၱေလးတကၠသိုလ္၀င္းအတြင္းမွာက်င္းပခ့ဲတဲ့လူငယ္ဘက္စံုဖြဲ႔ၿဖိဳးေရးပြဲေတာ္ အတြင္း လူငယ္ေတြနဲ႔ ေတြ႔ဆံုစဥ္မွာ ထည္႔သြင္းေျပာၾကားသြားခဲ႔ပါတယ္။ “ဂိမ္းစြဲလမ္း တာဟာ စိတ္ေရာဂါတစ္မ်ိဳးပဲ ဆိုၿပီးေတာ႔ ႏိုင္ငံေတြမွာ ဒီလိုပဲသတ္မွတ္ထားၾကတယ္၊ တစ္ခ်ိဳ႕ေတြကဆိုရင္ အရက္ျဖတ္မယ္ဆို ရင္နည္းနဲ႔စနစ္နဲ႔ စိတ္ေရာဂါလိုမ်ိဳး စနစ္တက်ျဖတ္ေတာက္ကုၾကရတယ္၊ ဂိမ္းစြဲလမ္း ျခင္းကလည္း အရက္တို႔ဘိန္းျဖဴတို႔ေလာင္းကစားတို႔ကို စြဲသလိုပဲစိတ္ေရာဂါလိုသတ္မွတ္ၾကတယ္၊ အခုနက သမီးေျပာသလိုမ်ိဳး ဂိမ္းဆိုင္ေတြကို အခြန္တိုးေကာက္ျခင္းအားျဖင္႔ ပေပ်ာက္ေလ်ာ႔နည္း ေအာင္လုပ္ဖို႔ ဆိုတာက တစ္ဖက္ကစီးပြားေရးသမားကိုလည္းၾကည္႔ရမယ္၊ သူတို႔စီးပြားေရးကိုလည္း အၾကပ္ အတည္းျဖစ္တာမ်ိဳးမျဖစ္ေစရဘူး၊ တဖက္ကေက်ာင္းသားဖက္ကိုလည္းထည့္တြက္ရျပန္မယ္၊ တစ္ ဖက္တည္းကိုၾကည္႔ျပီးေတာ႔ဆံုးျဖတ္လို႔မရဘူး၊ ဒီလိုကိစၥမ်ိဳးကကၽြန္မထင္တယ္ ၀န္ႀကီးဌာန အနည္းဆံုးငါးခုေလာက္ေခါင္းခ်င္းဆိုင္ေဆြးေႏြးဖို႔လိုမယ္၊ စနစ္တက်အခ်ိန္ယူသုေတ သနျပဳဖို႔လို တယ္လို႔ထင္တယ္၊ သမီးေျပာသလို ဂိမ္းေဆာ႔တာမ်ားလို႔ ေက်ာင္းသားေလးေတြ စာမဖတ္ၾကဘူး ဆိုတာထက္ စာမဖတ္ၾကလို႔သာဂိမ္းေဆာ့ၾကတာျဖစ္တယ္ စာကိုစြဲစြဲျမဲျမဲ ဖတ္တဲ႔ေက်ာင္းသားမွာ ဂိမ္းေဆာ့ဖို႔အခ်ိန္ေတာင္ရွိမွာမဟုတ္ဘူး၊ ဒါေၾကာင္႔အစိုးရဆိုတာ ျပည္သူေတြက ေရြးေကာက္တင္ ေျမွာက္ထားတာေၾကာင္႔ အစုိးရႏွင္႔အတူျပည္သူေတြကလည္း စုေပါင္းေျဖရွင္းဖို႔လို တယ္၊ မိဘေတြဖက္ကလည္းပူးေပါင္းပါ၀င္ဖို႔လိုတယ္”လို႔ေျပာပါတယ္။

ျမန္မာသတင္းအခ်က္အလက္နည္းပညာတကၠသိုလ္ (MIIT) ဒုတိယႏွစ္ေက်ာင္းသူ မနႏၵာလမင္းေအး က ေက်ာင္းသားအမ်ားစုမွာ ငယ္စဥ္က ေက်ာင္းသူမ်ားထက္ ပိုမိုစာေတာ္စာဖတ္ၾကသည္ကို ေတြ႔ရ ေၾကာင္း၊ ယခုအခါတကၠသိုလ္ အရြယ္မွာ ေက်ာင္းသားေတြဟာဂိမ္းကစားျခင္းေၾကာင့္ စာမဖတ္ၾကေတာ့ သည္ကို ေတြ႔ရေၾကာင္း၊ ဂိမ္းဆိုင္မ်ားအား အခြန္ေကာက္ခံမႈတိုးျမွင့္ျခင္းျဖင့္ ဂိမ္းဆိုင္မ်ားေလ်ွာ့နည္းလာႏိုင္ ၊ မလာႏိုင္ကို ႏို္င္ငံေတာ္၏အတိုင္ပင္ခံပုဂိုလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ ေဆြးေႏြးခဲ႔တာျဖစ္ပါတယ္။ လူငယ္ဘက္စုံဖြံ႕ ၿဖိဳးေရးပြဲေတာ္(မႏၲေလး)ကို ဩဂုတ္ ၁၁ ရက္မွ ၁၃ ရက္အထိ မႏၲေလး တကၠသိုလ္မွာ က်င္းပခဲ့တာျဖစ္ပါတယ္။

-ေကာင္းျမတ္ထြန္း

[Unicode]

ကျောင်းသားလူငယ်တွေအနေနဲ့ဂိမ်းကစားခြင်းကြောင့် စာမဖတ်ခြင်း မဟုတ်ဘဲ စာမဖတ်ခြင်း ကြောင့်သာဂိမ်းကစားခြင်းဖြစ်တယ်လို့ နို်င်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

မန္တလေးတက္ကသိုလ်ဝင်းအတွင်းမှာကျင်းပခဲ့တဲ့လူငယ်ဘက်စုံဖွဲ့ဖြိုးရေးပွဲတော် အတွင်း လူငယ်တွေနဲ့ တွေ့ဆုံစဉ်မှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ “ဂိမ်းစွဲလမ်း တာဟာ စိတ်ရောဂါတစ်မျိုးပဲ ဆိုပြီးတော့ နိုင်ငံတွေမှာ ဒီလိုပဲသတ်မှတ်ထားကြတယ်၊ တစ်ချို့တွေကဆိုရင် အရက်ဖြတ်မယ်ဆို ရင်နည်းနဲ့စနစ်နဲ့ စိတ်ရောဂါလိုမျိုး စနစ်တကျဖြတ်တောက်ကုကြရတယ်၊ ဂိမ်းစွဲလမ်း ခြင်းကလည်း အရက်တို့ဘိန်းဖြူတို့လောင်းကစားတို့ကို စွဲသလိုပဲစိတ်ရောဂါလိုသတ်မှတ်ကြတယ်၊ အခုနက သမီးပြောသလိုမျိုး ဂိမ်းဆိုင်တွေကို အခွန်တိုးကောက်ခြင်းအားဖြင့် ပပျောက်လျော့နည်း အောင်လုပ်ဖို့ ဆိုတာက တစ်ဖက်ကစီးပွားရေးသမားကိုလည်းကြည့်ရမယ်၊ သူတို့စီးပွားရေးကိုလည်း အကြပ် အတည်းဖြစ်တာမျိုးမဖြစ်စေရဘူး၊ တဖက်ကကျောင်းသားဖက်ကိုလည်းထည့်တွက်ရပြန်မယ်၊ တစ် ဖက်တည်းကိုကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူး၊ ဒီလိုကိစ္စမျိုးကကျွန်မထင်တယ် ၀န်ကြီးဌာန အနည်းဆုံးငါးခုလောက်ခေါင်းချင်းဆိုင်ဆွေးနွေးဖို့လိုမယ်၊ စနစ်တကျအချိန်ယူသုတေ သနပြုဖို့လို တယ်လို့ထင်တယ်၊ သမီးပြောသလို ဂိမ်းဆော့တာများလို့ ကျောင်းသားလေးတွေ စာမဖတ်ကြဘူး ဆိုတာထက် စာမဖတ်ကြလို့သာဂိမ်းဆော့ကြတာဖြစ်တယ် စာကိုစွဲစွဲမြဲမြဲ ဖတ်တဲ့ကျောင်းသားမှာ ဂိမ်းဆော့ဖို့အချိန်တောင်ရှိမှာမဟုတ်ဘူး၊ ဒါကြောင့်အစိုးရဆိုတာ ပြည်သူတွေက ရွေးကောက်တင် မြှောက်ထားတာကြောင့် အစိုးရနှင့်အတူပြည်သူတွေကလည်း စုပေါင်းဖြေရှင်းဖို့လို တယ်၊ မိဘတွေဖက်ကလည်းပူးပေါင်းပါ၀င်ဖို့လိုတယ်”လို့ပြောပါတယ်။

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) ဒုတိယနှစ်ကျောင်းသူ မနန္ဒာလမင်းအေး က ကျောင်းသားအများစုမှာ ငယ်စဉ်က ကျောင်းသူများထက် ပိုမိုစာတော်စာဖတ်ကြသည်ကို တွေ့ရ ကြောင်း၊ ယခုအခါတက္ကသိုလ် အရွယ်မှာ ကျောင်းသားတွေဟာဂိမ်းကစားခြင်းကြောင့် စာမဖတ်ကြတော့ သည်ကို တွေ့ရကြောင်း၊ ဂိမ်းဆိုင်များအား အခွန်ကောက်ခံမှုတိုးမြှင့်ခြင်းဖြင့် ဂိမ်းဆိုင်များလျှော့နည်းလာနိုင် ၊ မလာနိုင်ကို နို်င်ငံတော်၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော်(မန္တလေး)ကို ဩဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ မန္တလေး တက္ကသိုလ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

-ကောင်းမြတ်ထွန်း