ခွဲစိတ်ဆရာဝန်တွေ အခမဲ့ ကစားနိုင်မယ့် Surgeon Simulator 2

Surgeon Simulator ဖန်တီးတဲ့ Bossa Studios ကတော့ မကြာသေးခင်က Surgeon Simulator 2 ကို ဖြန့်ထားပါတယ်။ Surgeon Simulator 2 ဂိမ်းကို ဗြိတိန်က အမျိုးသားကျန်းမာရေးဝန်ဆောင်မှုက ဆရာဝန်၊ သူနာပြုနဲ့ ခွဲစိတ်ဆရာဝန်တွေ အခမဲ့ ကစားနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။

Surgeon Simulator ဟာ ရုပ်ပိုင်းဆိုင်ရာ အခြေခံခွဲစိတ်မှု ပြုလုပ်ရတဲ့ဂိမ်း ဖြစ်ပြီး သဘာဝကျသလို casual ဂိမ်းကစားသူတွေလည်း အကြိုက်တွေ့ပါတယ်။ “Surgeon Simulator 2 ဂိမ်းကတော့ ဆေးဘက်ဆိုင်ရာလေ့ကျင့်ရေး tool မဟုတ်ပါဘူး”လို့ ဒေါက်တာ အိုင်ဒရစ်မော်ဂန်ဆိုသူက ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

မော်ဂန်က ဆရာဝန်တစ်ဦး ဖြစ်ပြီး Doctor Mim အမည်နဲ့ YouTube ဗီဒီယိုတွေ ဖန်တီးသလို ဂိမ်းတွေကို ကစားပြပါတယ်။ Twitch မှာ သူ့ရဲ့ channel ရှိပါတယ်။

“အားရင်အားသလို ဒီဂိမ်းကို ကျွန်တော်ကစားပါတယ်။ ကမ္ဘာတစ်ဝန်းက ကျန်းမာရေးဝန်ထမ်းတွေလည်း Bossa ရဲ့ဆေးပညာဂိမ်းကို နှစ်သက်ကြမှာပါ” လို့လည်း ပြောပါတယ်။

Surgeon Simulator 2 ကိုတော့ Epic Games Store မှာတင်ထားပါတယ်။ NHS ကျန်းမာရေးဝန်ထမ်းတွေက အောက်တိုဘာ ၂၂ရက်အထိ ဂိမ်းကို အခမဲ့ ရယူနိုင်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««