ခွင့်ပြုထားသောလုပ်ငန်းများအတွက် သွားလာခွင့် QR Pass များ ယနေ့ နံနက် ၅ နာရီမှ စတင်ကာ ပြန်လည် ပြုလုပ်နိုင်ပြီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုလုပ်ငန်းများအတွက် သွားလာခွင့်အား အွန်လိုင်းမှ မှတ်ပုံတင်ခြင်းကို ယနေ့ နံနက် ၅ နာရီမှ စတင်ကာ ပြန်လည် ပြုလုပ်နိုင်ပြီ ဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားတဲ့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းတွေအနေနဲ့ လုပ်ငန်းလည်ပတ်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ပြီး QR Pass ထုတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်းကို စက်တင်ဘာ ၂၄ ရက်က အသိပေးကြေညာခဲ့ပါတယ်။

အဆိုပါ ခွင့်ပြုထားတဲ့လုပ်ငန်းများ QR Pass ရယူနိုင်ရန်အတွက် https://QRpass.SawSawShar.gov.mm မှာ ဝင်ရောက်ရမှာဖြစ်ပြီး မဖြစ်မနေ ဈေးဝယ်ယူခြင်း၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ခြင်းတို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာရမှာဖြစ်ပြီး ယခု QR Pass အစီအစဉ်တွင် အကျုံးမဝင်ဘူးလို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community  မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««