ခြောက်လကျော် အသုံးမပြုတဲ့ account တွေကို Twitter ဖျက်သိမ်းမယ်

Twitter အနေနဲ့ ခြောက်လကျော် sign in မဝင်ထားတဲ့ account တွေကို စတင်ဖယ်ရှားသွားမယ်လို့ ပြောခဲ့ပါတယ်။

Twitter က ဒီဇင်ဘာ ၁၁ ရက်မှာ account ကို sign in ပြုလုပ်ဖို့ inactive ဖြစ်တဲ့ account တွေဆီ အီးမေးလ်ပေးပို့ခဲ့ပါတယ်။ “ကျွန်တော်တို့က အများနဲ့သက်ဆိုင်တဲ့ စကားပြောဆိုမှုတွေ ပြုလုပ်မယ့် အစိတ်အပိုင်းအဖြစ် Twitter ပေါ်မှာ တိကျ၊ အားကိုးရတဲ့ သတင်းအချက်အလက်တွေ ရှိစေဖို့ inactive ဖြစ်နေတဲ့ account တွေကို ရှင်းလင်းသွားပါမယ်။ အခု အစီအစဉ်ရဲ့ အားထုတ်မှုအဖြစ် ကျွန်တော်တို့ရဲ့ inactive accounts policy အတိုင်း account တစ်ခုအဖြစ် စာရင်းသွင်းတဲ့အခါမှာ Twitter ကို log-in ဝင်ပြီး အသုံးပြုဖို့ တိုက်တွန်းတာဖြစ်ပါတယ်” လို့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

ခြောက်လကျော် log in မဝင်တဲ့ သုံးစွဲသူတွေကို account ဖယ်ရှားခံရတဲ့အကြောင်း သတိပေးဖို့ Twitter က စတင်ဆက်သွယ်နေပြီလို့ ကုမ္ပဏီကိုယ်စားလှယ်ကပြောခဲ့ပါတယ်။ အဲဒီ account တွေကို လအနည်းငယ် ဖြုတ်ချသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET