ခြေရာခံ app တွေကို ပြသပေးမယ့် Apple ရဲ့ iOS လုပ်ဆောင်ချက်အသစ်

Apple ဟာနှစ်စဉ်ပြုလုပ်နေကျ ကမ္ဘာလုံးဆိုင်ရာ developer ကွန်ဖရင့်မှာ ထုတ်ကုန်တွေအတွက် privacy feature သစ်တွေကို ကြေညာလိုက်ပါတယ်။ အခု update တွေထဲမှာ တည်နေရာအချက်အလက် ဝေမျှမှုနဲ့ app က မိုက်ကရိုဖုန်းဒါမှမဟုတ် ကင်မရာကို အသုံးပြုမှုကို ပိုမိုထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

“ကျွန်တော်တို့ရဲ့ ထုတ်ကုန်အားလုံးကို တစ်ကိုယ်ရေအချက်အလက်လုံခြုံရေး အခြေခံစည်းမျဉ်း နယ်ပယ်အဖြစ် သတ်မှတ်ထားတယ်” လို့ Apple ရဲ့ software အင်ဂျင်နီယာ အကြီးတန်း ဒုဥက္ကဋ္ဌ ခရိတ်ဖက်ဒရီချီကပြောခဲ့တယ်။
အခု update တွေကြောင့် app တွေနဲ့ဝေမျှထားတဲ့ တည်နေရာအချက်အလက်ပမာဏကို ကန့်သတ်နိုင်ပြီး ခန့်မှန်းခြေပဲ ပေးလို့ရပါတယ်။ Apple က ကင်မရာနဲ့ မိုက်ကရိုဖုန်းဖွင့်ထားတဲ့အချိန် status bar ပေါ်က လိမ္မော်ရောင် အစက်တစ်ခုကတစ်ဆင့် ရည်ညွှန်းပြတဲ့လုပ်ဆောင်ချက်ကို မိတ်ဆက်လိုက်ပါတယ်။

Apple က app တွေကို download မလုပ်ခင်မှာ app တောင်းဆိုမှု အချက်အလက်ပမာဏကို အသိပေးဖို့ app permission အတွက် လေဘယ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ “Data Linked To You” နဲ့ “Data Used to Track You” ဆိုတဲ့ ကဏ္ဍနှစ်ရပ်ကို ပြသပေးပါမယ်။

-စိုးထက်
Ref: CNET