ချီးဗနင်းပညာသင်ဆု အတွက် အင်္ဂလိပ်စာအရည်အချင်း လိုအပ်ချက် ပယ်ဖျက်

ချီးဗနင်းပညာသင်ဆုအတွက် သီးသန့်တင်ပြရတဲ့ အင်္ဂလိပ်စာအရည်အချင်းလိုအပ်ချက်ကို ၂၀၂၀/၂၀၂၁ ပညာသင်နှစ်ကစပြီး ချီးဗနင်းက ပယ်ဖျက်ပေးလိုက်ပြီလို့ သိရပါတယ်။

“၂၀၂၀/၂၀၂၁ ချီးဗနင်းပညာသင်ဆု ရရှိပြီး ယခုလက်ရှိ University College London မှာ Msc Global Health and Development ဘာသာရပ်ကို တက်ရောက်သင်ယူနေတာ ဖြစ်ပါတယ်။ အရင်က ချီးဗနင်းအတွက် သီးသန့်တင်ပြရတဲ့ အင်္ဂလိပ်စာအရည်အချင်းလိုအပ်ချက်ကို ၂၀၂၀/၂၀၂၁ ပညာသင်နှစ်ကစပြီး ချီးဗနင်းက ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနှစ် ၂၀၂၁/၂၀၂၂ ပညာသင်နှစ်မှာ ပညာသင်ဆုလျှောက်ထားလိုသူတွေ အနေနဲ့ အင်္ဂလိပ်စာအရည်အချင်းစစ် မှတ်တမ်းကို သီးသန့် တင်ပြပေးစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ မိမိ လျှောက်ထားတဲ့ တက္ကသိုလ် ဝင်ခွင့်ရဖို့ကတော့ တက္ကသိုလ် ကသတ်မှတ်ထားတဲ့ အင်္ဂလိပ်စာအရည်အချင်း ပြည့်မီဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်စာ အရည်အချင်းသတ်မှတ်ချက်က ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်း ဘာသာရပ် တစ်ရပ်နဲ့ တစ်ရပ် မတူညီကြပါဘူး။ ယေဘုယျအားဖြင့် ယူကေတက္ကသိုလ်တွေ အနေနဲ့ IELTS ဆိုလို့ရှိရင် Overall Band 7, Individual Band 6.5 တောင်းလေ့ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ လျှောက်ထားလိုသူတွေ အနေနဲ့ အင်္ဂလိပ်စာ အရည်အချင်းပြည့်မီအောင် အခုကတည်းက ကြိုတင်ပြင်ဆင် ထားရမှာ ဖြစ်ပါတယ်” လို့ မြန်မာချီးဗနင်းပညာတော်သင်ဖြစ်တဲ့ ဒေါက်တာယဉ်နွယ်စိုး ကပြောပါတယ်။

၂၀၂၁-၂၀၂၂ ချီးဗနင်းပညာသင်ဆုကို ယူကေနိုင်ငံမှာ မဟာဘွဲ့တက်ရောက်လိုသူတွေ လျှောက်ထားနိုင်ပြီး ပညာသင်ဆုကို ၂၀၂၀ ခုနှစ် နို၀င်ဘာလ ၃ ရက် အထိ [www.chevening.org/apply](https://l.facebook.com/l.php…) မှတစ်ဆင့် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««