ချို့ယွင်းချက်ရှိတဲ့ ဘက်ထရီ case တွေကို Apple လဲလှယ်ပေးမည်

iPhone ဘက်ထရီ case တွေဟာ ချို့ယွင်းချက်ရှိနေတာကြောင့် Apple က အစီအစဉ်တစ်ခုပြုလုပ်ပြီး လဲလှယ်ပေးသွားမယ်လို့ သိရပါတယ်။

Apple အနေနဲ့ ၂၀၁၉ ဇန်နဝါရီလနဲ့ အောက်တိုဘာလအကြား ထုတ်လုပ်ခဲ့တဲ့ ချို့ယွင်းနေတဲ့ ဘက်ထရီ case အားလုံးကို လဲလှယ်ပေးမယ်လို့ အတည်ပြုထားပါတယ်။ တစ်ချို့ iPhone ဘက်ထရီ case တွေဟာ အားသွင်းလို့ မရတာ ဒါမှမဟုတ် အားမဝင်တဲ့ပြဿနာတွေ ဖြစ်ပေါ်နေပါတယ်။

သုံးစွဲသူတွေက ချို့ယွင်းချက်ကို Apple ဆီတင်ပြခဲ့ပါတယ်။ Apple ကလဲလှယ်ရေး အစီအစဉ်တစ်ခုပြုလုပ်ပေးလိုက်ပါတယ်။ အခုအစီအစဉ်က iPhone XS, iPhone XS Max နဲ့ iPhone XR အတွက် ဖန်တီးထားတဲ့ Smart Battery Case တွေကိုပဲ အဓိကလဲလှယ်ပေးမှာ ဖြစ်ပါတယ်။ iPhone 11 နဲ့ iPhone 11 Pro အတွက် ဘက်ထရီ case တွေကိုတော့ အခမဲ့ လဲလှယ်ပေးမှာ မဟုတ်ပါဘူး။

Apple ရဲ့ iPhone ဘက်ထရီ case တွေကို ၁၂၉ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီထုတ်ကုန်ဟာ အခြား third-party ထုတ်ကုန်တွေထက် ဈေးနှုန်းမြင့်မားပေမယ့် iOS ပေါင်းစပ်မှုတစ်ချို့ ပါဝင်လာပါတယ်။ iPhone ဘက်ထရီ case ဟာ lock screen ပေါ်မှာ အားသွင်းတဲ့ ရာခိုင်နှုန်းကို ဖော်ပြပေးပြီး Ligtning port လည်းပါဝင်လာပါတယ်။

-စိုးထက်
Ref: PCMag