ချိတ်ဆက် Premium ဆားဗစ်ကို ဝန်ဆောင်ခပေးရန်မလိုသည့် Exclusive ဆားဗစ်အဖြစ်သတ်မှတ်

အလွတ်တန်းပညာရှင်များ ထောက်ပံ့ပေးရာဝက်ဘ်ဆိုက်ဖြစ်တဲ့ Chate sat freelancing Platform မှ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ Covid-19 ကြောင့် ဖြစ်ပေါ်လာနေတဲ့ စီးပွားရေးအကျပ်အတည်း ကာလမှာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လမ်းမှ ကူးညီပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခင်က ချိတ်ဆက် Premium ဆားဗစ်ကို ရယူအသုံးပြုမယ်ဆိုရင် ဝန်ဆောင်ခအနေနဲ့ ကျသင့်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို ကောက်ခံခဲ့ရာကနေ ယခုအခါ ဝန်ဆောင်ခပေးရန် လုံး၀မလိုတဲ့ Exclusive ဆားဗစ်အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို မတ် ၁၉ ရက်ကနေ စတင်ပြီး မေ ၁၅ ရက်အထိ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အလွတ်တန်းပညာရှင်တွေ (Freelancers) တွေကို စတင်အသုံးပြုမယ့် စီးပွားရေးလုပ်ငန်းတွေ အတွက်လည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်ဖို့ Hotline ဖုန်းနံပါတ်တစ်ခုကို ထားရှိပေးသွားမယ်လို့ သိရပါတယ်။ ချိတ်ဆက်မှာ မြန်မာနိုင်ငံတွင် ပထမဆုံးသောအလွတ်တန်းပညာရှင်များထောက်ပံ့ပေးရာ ဝက်ဘ်ဆိုက် (Freelancing Platform) ဖြစ်ပြီး ၂၈၀၀၀ အလွတ်တန်းပညာရှင် ( Freelaancers) တွေကို စီးပွားရေးလုပ်ငန်း ၅၀၀၀ ကျော်နဲ့ ချိတ်ဆက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ချိတ်ဆက်မှတစ်ဆင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဝက်ဘ်ဆိုက်ရေးသားခြင်း၊ မိုဘိုင်းအက်ပလီကေးရှင်း ရေးသားခြင်း၊ ဂရပ်ဖစ်ဒီဇိုင်းဆွဲခြင်း၊ Facebook Page တွင် Content များတင်ရန်ရေးသားခြင်း၊ Digital Marketing ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ဘာသာပြန်ခြင်း၊ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်း၊ Animation ဖန်တီးခြင်း၊ payroll များ တွက်ချက်ခြင်း၊ Data Entry ဆောင်ရွက်ခြင်းနဲ့ အခြားသောဝန်ဆောင်မှု အခု (၂၀) ကျော်ကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များကို ဖုန်း – ၀၉ ၇၈၇ ၈၈၀၄၈၄ ကို ဆက်သွယ် ဆောင်ရွက်မေးမြန်းနိုင်မယ်လို့ သိရပါတယ်။

-အောင်သူ