ချိတ်ဆက် bot ကို မိတ်ဆက်

အွန်လိုင်းပေါ်ကနေ အလုပ်လုပ်လို့ရတဲ့ အလွတ်တမ်းပညာရှင်တွေနဲ့ ချိတ်ဆက်ပေးတဲ့ ချိတ်ဆက်ကနေ ဝန်ဆောင်မှုအသစ် ဖြစ်တဲ့ ချိတ်ဆက် bot ကို မိတ်ဆက်ခဲ့ပါတယ်။

“လုပ်ငန်းရှင်တွေ မြန်မြန်ဆန်ဆန်နဲ့ ဆိုရှယ်မီဒီယာကနေ တစ်ဆင့် project တင်နိုင်ဖို့ကို ရည်ရွယ်ပါတယ်။ အခုတော့ basic bot လေးပါပဲ၊ Freelancer တွေအနေနဲ့လည်း project တွေရှာလို့ရတယ်။ အမြဲမေးနေကျ မေးခွန်းလေးတွေကိုလည်း စုံစုံလင်လင် ရှင်းပြထားပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ညီမတို့ ချိတ်ဆက် (၄) နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ promotion တွေ lucky draw အစီအစဉ်တွေလည်း ရှိပါတယ်။ website မှာ project တင်လိုက်တိုင်း 4,000 to 40,000 အထိ random promotion ရမှာမျိုးပါ၊ freelancer တွေအနေနဲ့လည်း ဒီလထဲ အလုပ်ဝင်လျှောက်တဲ့ လူတွေထဲက lucky draw တွေပေးသွားမှာမျိုးပါ” လို့ CEO and Co-Founder ဖြစ်သူ မဟန်နီမြဝင်းက ပြောပါတယ်။

ချိတ်ဆက်ဆိုသည်မှာ အွန်လိုင်းပေါ်ကနေ အလုပ်လုပ်လို့ရတဲ့ အလွတ်တမ်းပညာရှင်တွေနဲ့ ချိတ်ဆက်ပေးတဲ့ website နဲ့ app ဖြစ်ကြောင်း Software ရေးတဲ့သူတွေ ဒီဇိုင်းဆွဲတဲ့သူတွေ၊ ဘာသာပြန်တွေ digital marketer တွေ အမျိုးမျိုးသော Freelancer ပေါင်း သုံသောင်းကျော်ကို ချိတ်ဆက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

-အောင်သူ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««