ချစ်သူများနေ့အမီ အွန်လိုင်းမှာ ဖြန့်ချိခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Music Video

ဖေဖော်ဝါရီ ၁၄ ရက် မှာ ကျရောက်မယ့် ချစ်သူများနေ့အတွက် Will You Marry Me လို့ခေါ်တဲ့ Music Video ကို စိုင်းစိုင်းခမ်းလှိုင်က Facebook ပေါ်ကနေ လက်ဆောင်အဖြစ်နဲ့ဝေမျှခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က “ချစ်သူတွေ အားလုံးအတွက် Valentine လက်ဆောင်ပါဗျာ” ဆိုပြီး Cherry FM Facebook Page မှာတင်ထားတဲ့ Music Video ကိုသူရဲ့ Facebook Page မှာ ပြန်လည် ဝေမျှခဲ့တာပါ။ ဖြန့်ချိပြီး တစ်နာရီ အတွင်းမှာ အဲဒီ Music Video ကို Like ပြုလုပ်သူ 5K နီးပါးရှိခဲ့ပြီး ကြည့်ရှုသူပေါင်း 50K နီးပါးရှိခဲ့ပါတယ်။ ဒီသီချင်းကို နားဆင်လိုသူများအနေနဲ့ Cherry FM ရဲ့ Facebook စာမျက်နှာမှာ မှာဝင်ရောက်နားဆင်နိုင်ပါတယ်။