ခံစားချက်များ ရင်ဖွင့်နိုင်မည့် ဖုန်းလိုင်းခေါ်ဆိုနိုင်

မိမိရဲ့ ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်ကာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေရရှိနိုင်မယ့် “ခံစားချက်လေးများ ဖုန်းလိုင်း” ဖြစ်တဲ့ “၀၉ ၉၆၁၁ ၄၀၀၀၀” ကို အပတ်စဉ် တနင်္လာမှ သောကြာအထိ နံနက် ၉ နာရီမှ ည ၉ နာရီအတွင်း ဆက်သွယ်ခေါ်ဆိုနိုင်မယ်လို့ unicef ရဲ့တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Covid-19 ရောဂါဟာ အခုဆိုရင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးကြီးဖြစ်နေကြောင်း၊ လူသားတိုင်းအ‌‌နေနဲ့လည်း မိမိတို့ကိုယ်တိုင်အတွက်ရော၊ မိမိတို့ ချစ်ခင်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေအတွက်ရော ဒီရောဂါဆိုးကြီး ကူးစက်ခံရမှာ၊ ဖြစ်ပွားကြမှာကို အရမ်းစိုးရိမ်နေကြကြောင်း၊ ကလေးတွေဟာလည်း Covid-19 ရောဂါအကြောင်းကို ပြုစုစောင့်ရှောက်သူ‌ လူကြီးတွေကတစ်ဆင့်၊ လူမှုကွန်ရက်တွေကတစ်ဆင့်၊ သတင်းမီဒီယာတွေကတစ်ဆင့် သိနိုင်ကြ‌‌ ‌ကြောင်း ကလေးတွေနဲ့ ကလေးပြုစုစောင့်ရှောက်သူတွေမှာ လည်း Covid-19 နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရလာနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။

Covid-19 ကပ်ရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်ခံစားရတဲ့အခါ မိမိတစ်ယောက်တည်း ရင်ဆိုင်ခံစားနေရင် ပိုမိုဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ဒါကြောင့် ကိုယ့်ကိုနားထောင်ပေးနိုင်မယ့် တစ်ယောက်ယောက်ကို မိမိရဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်တိုင်ပင်ပြီး စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုတွေ ရယူသင့်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း